ဖိလစ်ပိုင်သမ္မတရာထူးကနေ စောစော အနားယူချင်ကြောင်း ဒူတာတေး ပြော

ဖိလစ်ပိုင်သမ္မတရာထူးကနေ စောစော အနားယူချင်ကြောင်း ဒူတာတေး ပြော

မတ် ၁  ။            ။ အသက်အရွယ်ရလာနေပြီဖြစ်ပြီး တာဝန်ထမ်းဆောင်ရတာမှာ ပင်ပန်းနွမ်းနယ်လှနေပြီ ဖြစ်သဖြင့် ရာထူးကနေ ခပ်စောစော အနားယူသွားချင်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဒူတာတေးက ပြောကြားရာတွင် ၎င်းအနေဖြင့် နိုင်ငံတွင် ဖက်ဒရယ်လစ်ဇင်စနစ်ကို ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်ကို အောင်မြင်ချင်နေပြီဖြစ်ကြောင်း၊ ယင်းမှသာ ၎င်း၏ ရာထူးသက်တမ်းကို စောလျင်စွာ အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ယင်းအပြင် ယခုအချိန်တွင် တာဝန်ထမ်းဆောင်ရင်းနဲ့ တစ်ဖြည်းဖြည်းချင်း အားကုန်လာသလို ခံစားနေရပြီဖြစ်ကြောင်း အသက် ၇၂ နှစ်အရွယ် ဒူတာတေးက ပြောသွားသည်။

" ၂၀၂၀ မတိုင်ခင် ကျွန်တော် အနားယူတော့မယ်ဗျာ၊ ကျွန်တော်ခု အသက်ကြီးနေပါပြီ၊ နောက်ထပ် ရည်မှန်းချက်တွေဘာတွေ လည်း မရှိတော့ပါဘူး၊ အနားယူချင်နေပါပြီ" ဆိုပြီး ဒူတာတေးက မိန့်ခွန်းတစ်ရပ်တွင် ပြောဆိုသွားသည်။

ယင်းအတွက်ကြောင့်လည်း သမ္မတ ဒူတာတေးအနေဖြင့် အာဏာကို ကြာကြာဖက်တွယ်ထားနိုင်ပြီး အာဏာရှင်တစ်ဦး ဖြစ်သွားနိုင်သည် ဆိုသည့် ထွက်ပေါ်နေသည့် စိုးရိမ်ပူပန်မှုများကိုလည်း ယခု ပြောဆိုချက်များက မှေးမှိန်သွားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly