ဌာနေ အိုင်အက်စ်ဆက်နွှယ် အုပ်စုနှစ်ရပ်အား နာမည်ပျက်စာရင်းသွင်းခြင်းအတွက် အမေရိကန်ကို ဖိလစ်ပိုင် ချီးကျူး

ဌာနေ အိုင်အက်စ်ဆက်နွှယ် အုပ်စုနှစ်ရပ်အား နာမည်ပျက်စာရင်းသွင်းခြင်းအတွက် အမေရိကန်ကို ဖိလစ်ပိုင် ချီးကျူး

မနီလာ၊ ဖေဖော်ဝါရီ ၂၈ ။            ။ ဖိလစ်ပိုင်နိုင်ငံက မာရာဝီမြို့ကို ကျူးကျော် သိမ်းပိုက်သော အဖွဲ့အပါအဝင် အိုင်အက်စ်ထောက်ခံသော ဌာနေ အဖွဲ့နှစ်ဖွဲ့အား အမေရိကန်နိုင်ငံက နာမည်ဆိုးစာရင်း သွင်းလိုက်ခြင်းအတွက် ဖိလစ်ပိုင်းနိုင်ငံ ချီးကျူးခဲ့သည်။

Maute နှင့် Dawlatul Islamiyah အဖွဲ့နှစ်ရပ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ဖေဖော်ဝါရီ ၂၇ ရက်တွင် နာမည်ဆိုး သွင်းလိုက်ခြင်းဖြစ်ပြီး အမေရိကန်အခြေစိုက် ၎င်းတို့အဖွဲ့မှ ပိုင်ဆိုင်မှုများ၊ ၎င်းတို့အား ထောက်ခံသူများကို ပိတ်ဆို့တားမြစ်လိုက်ခြင်း ဖြစ်သည်။

“ဖိလစ်ပိုင်အာဏာပိုင်တွေ လက်ခံပိုင်းဖြတ်ထားပြီးသားကို ထောက်ခံမှုပေးလိုက်တဲ့ အမေရိကန်ရဲ့ လုပ်ဆောင်မှုပါပဲ။ အဆိုပါ အဖွဲ့နှစ်ရပ်ဟာ အစွန်းရောက်အဖွဲ့တွေပါ။”ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“ဒီအဖွဲ့အနေနဲ့ အမေရိကန်မှာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို တားမြစ်ခံရမှာ ဖြစ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း ရင်ဆိုင်ရမှာပါ။”ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Maute အုပ်စုမှ စစ်သွေးကြွများသည် မာရာဝီမြို့တွင် အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေး သိမ်းပိုက်ခဲ့သည်ကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တိုက်ထုတ်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ မြို့ပြန်သိမ်းရေးတွင် ဖိလစ်ပိုင်၏ ရေရှည်မဟာမိတ်ဖြစ်ခဲ့သော အမေရိကန်နိုင်ငံက စစ်လက်နက်အထောက်အပံ့များ ကူညီပံ့ပိုးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly