လိဂ်ဖလားတတိယအဆင့်တွင် အာဆင်နယ်နှင့် စပါးတို့တွေ့ဆုံ

လိဂ်ဖလားတတိယအဆင့်တွင် အာဆင်နယ်နှင့် စပါးတို့တွေ့ဆုံ

သြဂုတ် ၂၆၊ လန်ဒန် ။         ။ စပါးအသင်းသည် လိဂ်ဖလားတတိယအဆင့်တွင် လန်ဒန်မြောက်ပိုင်းဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည် ဖြစ်သည်။

လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းမှာ လိဂ်ဝမ်းကလပ် ဝေါဆယ်နှင့်အဝေးကွင်းတွင်သွားရောက်ရင်ဆိုင်ရမည်ဖြစ်ပြီး အက်စတွန်ဗီလာအသင်း မှာ မြို့ခံပြိုင်ဘက် ဘာမင်ဂမ်ကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။

မန်ယူအသင်းနှင့်လီဗာပူးလ်အသင်းတို့မှာ အိမ်ကွင်းတွင် အစ်ဆွစ်ချ်၊ ကာလစ္စလီတို့ကို အသီးသီးလက်ခံကစားရမည်ဖြစ်သည်။ ပရီးမီးယားလိဂ်အသင်းချင်းတွေ့ဆုံသည့် ပွဲစဉ်သုံးပွဲအဖြစ် ဆန်းဒါးလန်းက မန်စီးတီးကို အိမ်ကွင်းတွင်လည်းကောင်း၊ နော့ဝှစ်ချ်က ဝက်စ်ဘရွန်းကို အိမ်ကွင်းတွင်လည်းကောင်း၊ လက်စတာက ဝက်စ်ဟမ်းကို အိမ်ကွင်းတွင်လည်းကောင်း အသီးသီလက်ခံ ကစားရမည်ဖြစ်သည်။

ဝက်ဖို့ဒ်ကို အိမ်ကွင်းတွင်အနိုင်ယူကျော်ဖြတ်လာသည့် ချန်ပီယံရှစ်ကလပ် ပရက်စတန်အသင်းမှာ ပရီးမီးယားလိဂ်တန်းတက်အသင်းတစ် သင်းပင်ဖြစ်သည့် ဘုန်းမောက်ကို အိမ်ကွင်းတွင် လက်ခံကစား ရမည်ဖြစ်သည်။ လိဂ်ဖလားတတိယအဆင့်ပွဲများကို စက်တက်ဘာ ၂၁ တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

လိဂ်ဖလားတတိယအဆင့်ပွဲစဉ်များ

မစ်ဒယ်ဘရော့-ဝုဗ်
နော့ဝှစ်ချ်-ဝက်စ်ဘရွန်း
ဟားလ်စီးတီး-ဆွမ်ဆီး
လက်စတာ-ဝက်စ်ဟမ်း
အက်စတွန်ဗီလာ-ဘာမင်ဂမ်
စပါး-အာဆင်နယ်
မန်ယူ-အစ်ဆွစ်ချ်
လီဗာပူးလ်-အစ်ဆွစ်ချ်
ခရစ္စတယ်ပဲလေ့စ်-ချာလ်တန်
ဖူလ်ဟမ်-စတုခ်စီးတီး
ဆန်းဒါးလန်း-မန်စီးတီး
နယူးကာဆယ်-ရှက်ဖီးဝမ့်နက်စ်ဒေး
ရီးဒင်း-ဘန်စလေ/အဲဗာတန်
ပရက်စတန်-ဘုန်းမောက်
ဝေါဆော-ချယ်လ်ဆီး
အမ်ကေဒွန်းစ်-ဆောက်သမ်တန်

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly