ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တာလီဘန်တို့ ပါ၀င်ဆွေးနွေးဖို့ အာဖဂန်သမ္မတ ပန်ကြား

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တာလီဘန်တို့ ပါ၀င်ဆွေးနွေးဖို့ အာဖဂန်သမ္မတ ပန်ကြား

ဖေဖော်ဝါရီ ၂၈ ။            ။ ယိုယွင်းနေတဲ့ နိုင်ငံကို ပြန်လည် ကယ်တင်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တာလီဘန်တို့ ပါဝင်တက်ရောက်ဆွေးနွေးကြဖို့ အာဖဂန်နစ္စတန်သမ္မတ အာရှ်ရက်ဖ် ဂါနီက တောင်းဆိုပန်ကြားလိုက်တယ်လို့ သိရပါတယ်။

အာဖဂန်သမ္မတ ဂါနီက အထက်ပါ တောင်းဆိုချက်ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြုလုပ်တဲ့ ကဘူးလ်မြို့ ကွန်ဖရင့်တစ်ခုမှာ ပြောဆိုသွားတာဖြစ်ပါတယ်။

အာဖဂန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်း ပါဝင်လာကြမယ့် တာလီဘန်တွေကို လုံခြုံရေးရော လိုအပ်တဲ့ အထောက်အပံ့တွေကို အစိုးရဘက်က ဖြည့်ဆည်းထောက်ပံ့ပေးသွားမယ်ဆိုပြီး ဂါနီက ထပ်လောင်းပြောဆိုသွားပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးမစ်ရှင်တွေ အဆုံးသတ်ပြီးချိန်ကတည်းက ယင်းနိုင်ငံမှာ စစ်သွေးကြွအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေ တိုးမြင့်ပေါ်ပေါက်နေခဲ့ပြီး ယင်းတို့အတွက်လည်း တာလီဘန်တို့အပေါ် အဓိကပြစ်တင်ထားခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကလည်း အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အားနည်းမှုကို မီးမောင်းထိုးပြသနေလျက်ရှိပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ပါကစ္စတန်နဲ့အကြားလည်း အစိုးရချင်း ဆွေးနွေးသွားချင်ကြောင်း အာဖဂန်သမ္မတ ဂါနီက တောင်းဆိုပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly