အမေရိကန်နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ ထုတ်ဖော်သွား

အမေရိကန်နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ ထုတ်ဖော်သွား

ဖေဖော်ဝါရီ ၂၇ ။            ။ အမေရိကန်နဲ့အကြား ဆွေးနွေးမှုတွေ လုပ်ဆောင်သွားချင်တဲ့ ဆန္ဒရှိပါကြောင်း မြောက်ကိုရီးယား အဆင့်မြင့်အထူးကိုယ်စားလှယ်အဖွဲ့က ထုတ်ဖော်သွားတယ်လို့ သိရပါတယ်။

၂၀၁၈ ဆောင်းရာသီအိုလံပစ်ပိတ်ပွဲ အခမ်းအနားတက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံကို လာရောက်ခဲ့တဲ့ မြောက်ကိုရီးယား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကတော့ ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာပဲ ၎င်းတို့နိုင်ငံကို ပြန်သွားကြပြီဖြစ်ပါတယ်။

အဖွဲ့ဝင် ရှစ်ဦးပါတဲ့ အဆိုပါ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဗိုလ်ချုပ်ကြီး ကင်မ်ယုံချိုးလ်က ဦးဆောင်လာတာဖြစ်ပြီး ယင်းနေ့ နေ့လည်ဝန်းကျင်မှာပဲ နယ်စပ်ကိုဖြတ်ပြီး ပြန်သွားကြပြီဖြစ်ကြောင်း ကိုရီးယားပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly