အိုဟိုင်းယိုမြစ် မြစ်ရေလျှံမြင့်တက်မှုကြောင့် အရေးပေါ် အခြေအနေ ထုတ်ပြန်

အိုဟိုင်းယိုမြစ် မြစ်ရေလျှံမြင့်တက်မှုကြောင့် အရေးပေါ် အခြေအနေ ထုတ်ပြန်

နယူးယောက်၊ ဖေဖော်ဝါရီ ၂၆ ။                 ။ အမေရိကန်နိုင်ငံ အိုဟိုင်းယိုပြည်နယ် စင်စင်နာတီမြို့တွင် အိုဟိုင်းယိုမြစ်သည် ပြီးခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နှစ်ပေါင်း ၂၀ အတွင်း အမြင့်ဆုံးရေမှတ်အထိ မြစ်ရေလျှံ မြင့်တက်လျက်ရှိရာ သီတင်းပတ်ဆုံးအထိ မြစ်ရေမြင့်တက်နေဦးဖွယ်ရှိကြောင်း အမျိုးသးမိုးလေဝသဌာနက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက် ညမှ ၂၅ ရက် နံနက်ပိုင်းအထိ တောင်ပိုင်းအိုဟိုင်းယို ဒေသတစ်လွှား မိုးရေချိန် ၁ ဒဿမ ၅ မှ ၂ ဒဿမ ၅ လက်မကြား ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

အိုဟိုင်းယိုမြစ်ရေသည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်တွင် ပေ ၆၀ (၁၈ ဒဿမ ၃ မီတာ)အထိ မြစ်ရေမြင့်တက်ရာ ရေကြီးမှုအခြေအနေအထက် ရှစ်ပေ(၂ ဒဿမ ၄ မီတာ)အထိ   ရောက်ရှိနေခြင်း   ဖြစ်ပြီး မြစ်ရေမြင့်တက်မှု ၆၄ ဒဿမ ၇ ပေအထိ ရောက်ရှိခဲ့သည့် ၁၉၉၇ နောက်ပိုင်း အမြင့်ဆုံး ရေမှတ်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ခရစ္စတင်းကာဆက်ဒီက ပြောသည်။

ယခု မြစ်ရေမြင့်တက်မှုသည် ၆၀ ဒဿမ ၆ ပေအထိ ရောက်ရှိလာနိုင်ဖွယ် ရှိကြောင်းလည်း ၎င်းက ခန့်မှန်းပြောဆိုသည်။

ဒေသတွင်းရှိ မြစ်ချောင်းများသည် မြစ်ကမ်းပါး ကျော်လွန်ကာ ရေလျှံမြင့်တက်မှုများ ဖြစ်ပေါ်နေသဖြင့် အလယ်ပိုင်းနှင့် တောင်ပိုင်း အိုဟိုင်းယို ဒေသအနှံ့က လမ်းများ ပိတ်ထားရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျွန်ကာရှစ်က စီရင်စု ၁၇ စုတွင် အရေးပေါ်အခြေအနေ ကြေညာထားလိုက်ပြီဖြစ်ရာ လိုအပ်လာပါက ရေဘေးကြုံဒေသများအတွက် အမျိုးသားအစောင့်တပ်ဖွဲ့မှာ စစ်သားများ၏ အကူအညီကို ရရှိမည်ဖြစ်သည်။

စင်စင်နာတီမြို့ အရှေ့ဖက် မိုင် ၂၀ ခန့်က အိုဟိုင်းယိုမြစ်ဘေး ကျေးလက်ရွာတစ်ရွာဖြစ်သည့် နယူးရစ်မွန့်ရွာတွင် အိမ်ခြေနှင့် လုပ်ငန်းဆိုင်ခန်းပေါင်း ၄၀ ကျော်ထက်မနည်း ရေကြီးမှုကို ကြုံနေရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဂရက်ချ်ရောဘတ်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly