လူသတ်ရန်ကြံစည်မှုဖြင့် ဗီလာရီးယဲလ်နောက်ခံလူရူဘင်ဆီမီဒို အမှုဖွင့်ခံရ

လူသတ်ရန်ကြံစည်မှုဖြင့် ဗီလာရီးယဲလ်နောက်ခံလူရူဘင်ဆီမီဒို အမှုဖွင့်ခံရ

ဖေဖော်ဝါရီ ၂၃၊ ဗီလာရီးယဲလ်။                ။ ဗီလာရီးယဲလ်နောက်ခံလူ ရူဘင်ဆီမီဒိုသည် လူသတ်ရန်ကြံစည်မှုဖြင့်စပိန်တရားရုံးတစ်ခုတွင် အမှုဖွင့်ခံရသည်။ အသက် ၂၃ နှစ်အရွယ် ကစားသမားကို လီလီရီယာတရားရုံးက ဓါးပြမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ တရားမဝင်ချုပ်နှောင်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုများဖြင့်လည်း စွဲချက်တင်ထားသည်။

ဆီမီဒိုသည် အင်္ဂါနေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး အာမခံမရဘဲ ထိန်းသိမ်းခံထားရသည်။ ပေါ်တူဂီယူ ၂၁ လက်ရွေးစင်ဟောင်း ဗဟိုနောက်ခံလူသည် ဇွန်လတွင် စပို့တင်းလစ္စဘွန်းမှ စပိန်ကလပ်သို့ ယူရို ၁၄ သန်းဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ဆီမီဒို၏အဖြစ်အပျက်အတွက် ဗီလာရီးယဲလ်အသင်းကလည်း စုံစမ်းစစ်ဆေးနေပြီး ကစားသမားဖြစ်သူ၏အေးဂျင့်ကမူ စွဲချက်အားလုံးကို ငြင်းဆန်သွားခဲ့သည်။

ဆီမီဒိုသည် ဗီလာရီးယဲလ်သို့ပြောင်းလာပြီးနောက် ငါးပွဲကစားထားပြီး နောက်ဆုံးကစားခဲ့သည့်ပွဲမှာ ဒီဇင်ဘာ ၁၀ တွင် ဘာစီလိုနာကို ၂-၀ ဂိုးဖြင့်ရှုံးသည့်ပွဲဖြစ်သည်။

ဆီမီဒိုသည် ပေါ်တူဂီအသင်း အုပ်စုအဆင့်မှပင်လှည့်ပြန်ခဲ့ရသော ပြီးခဲ့သည့် ပိုလန်ဥရောပယူ-၂၁ ပြိုင်ပွဲတွင် နှစ်ပွဲကစားခွင့်ရ ခဲ့သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly