ရန်ကုန်တိုင်း မီးလင်းရေး ကျပ်သန်းရှစ်ထောင်ကျော်သုံးမည်

ရန်ကုန်တိုင်း မီးလင်းရေး ကျပ်သန်းရှစ်ထောင်ကျော်သုံးမည်
ရန်ကုန်မြို့ ညမြင်ကွင်း။ ဓါတ်ပုံ - မဇ္စျိမ

ရန်ကုန်တိုင်းဒေသကြီး မီးလင်းရေးလုပ်ငန်းများတွင် ကျပ်သန်းရှစ်ထောင်ကျော် အသုံးပြုသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က ပြောကြောင်း တပ်မတော်ပိုင် မြဝတီသတင်းစာတွင် သြဂုတ် ၂၅ရက်က ဖော်ပြထားသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းအတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်တွင် မီးလင်းရေးအတွက် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် တင်ပြတောင်းခံထားခြင်း ဖြစ်သည်ဟု ဒေါ်စန်းစန်းနွယ်က ဆိုသည်။

ဘဏ္ဍာငွေ ရရှိပါက တိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၂၂မြို့နယ် နှင့် တိုက်နယ်ဆေးရုံ ၁၁ရုံတွင် လိုအပ်လျက်ရှိသည့် မီးလင်းရေး လုပ်ငန်း နှင့် နေရောင်ခြည်စွမ်းအင်သုံး မီးလင်းစက်များ ဖြည့်ဆည်းမည်ဟု ဆိုသည်။

မီးလင်းရေးလုပ်ငန်းအတွက် ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၈မြို့နယ်တွင် ထရန်စဖော်မာ၊ ဓာတ်ကြိုး၊ ဓာတ်မီးတိုင် နှင့် အခြား ဆက်စပ်ပစ္စည်းမျာ ဝယ်ယူမည်ဖြစ်ကာ လျှပ်စစ်မီးမရသေးသည့် ရပ်ကွက်များ၊ လျှပ်စစ်မီးရသော်လည်း အချိန်ပြည့်မရသေးသည့် တိုက်နယ်ဆေးရုံ ခြောက်ရုံ နှင့် လျှပ်စစ်မီးမရသေးသည့် တိုက်နယ်ဆေးရုံ ခြောက်ရုံကို ဆိုလာမီး တပ်ဆင်သွားမည်ဟု သိရသည်။

Ref: မြဝတီသတင်းစာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly