ခင်ပွန်းဟောင်းအား သတ်ဖြတ်ရန်ကြံစည်သည်ဟု မှားယွင်းအကျဉ်းချခံရသည့် သြစတြေးလျ အမျိုးသမီးဒေါ်လာနှစ်ကြေးကျော်လျော်ကြေးရ

ခင်ပွန်းဟောင်းအား သတ်ဖြတ်ရန်ကြံစည်သည်ဟု မှားယွင်းအကျဉ်းချခံရသည့် သြစတြေးလျ အမျိုးသမီးဒေါ်လာနှစ်ကြေးကျော်လျော်ကြေးရ

သြစတြေးလျနိုင်ငံတွင် ဆယ်စုနှစ်တစ်ခု မှားယွင်းအကျဉ်းကျခံရသူ အမျိုးသမီးတစ်ဦးအား ပြန်လည်လွှတ်ပေးခဲ့ရာ လျော်ကြေးငွေလည်း သြစတြေးလျဒေါ်လာ ၂ ဒသမ ၃ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်း) ပေးအပ်ခဲ့သည်။

ရိုစီအန်နီဘတ်ကတ်ဆိုသည့် အမျိုးသမီးအား ခင်ပွန်းဟောင်းဖြစ်သူကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်ဟုဆိုကာ ၁၉၉၁ ခုနှစ်အတွင်းက ထောင်ချခံရခြင်းဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် ပြစ်မှုကို ပယ်ချပေး ခဲ့ခြင်းဖြစ်သည်။

ရိုစီအန်နီက ဖက်လိုက်တရားစီရင်ခြင်းအတွက် နယူးဆောက်ဝေးလ်ပြည်နယ်ကို တရားစွဲရာ ၂၀၁၃ ခုနှစ်တွင် ၎င်းက အနိုင်ရခဲ့သည်။

သြဂုတ် ၂၄ ရက်တွင် အထူးခုံရုံးက ရိုစီအန်နီကို နစ်နာကြေး သြစတြေးလျဒေါ်လာ ၂ ဒသမ ၃ သန်း ပေးလျော်ရန်အတွက် တရားရုံးဆုံးဖြတ်ကာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရိုစီအန်နီ၏ နှစ်ပေါက်အောင်ကြာမြင့်သည့် အမှုအခင်းကို သြစတြေးလျမီဒီယာများတွင် အထူးတလည် ဖော်ပြခဲ့ကြသည်။

တရားသူကြီး ဆုံးဖြတ်ချက်ချပြီးနောက်တွင် ရိုစီအန်နီက မျက်ရည်ကျငိုကြွေးခဲ့ရှာသည်။ “အောင်ပွဲပါပဲ။ ကာလရှည်ခဲ့ပြီး နောက်ဆုံးတော့ အောင်မြင်ရတာပါပဲ။”ဟု မီဒီယာများသို့ ၎င်းကပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly