ဗာမယ်လန်း၊ ဒမ်ဘီလီတို့ ဘာစီလိုနာအသင်း လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်လာ

ဗာမယ်လန်း၊ ဒမ်ဘီလီတို့ ဘာစီလိုနာအသင်း လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်လာ
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်း ပြင်သစ်တိုက်စစ်မှူး အူစမာနီ ဒမ်ဘီလီနှင့် ဘယ်လ်ဂျီယံ နောက်ခံလူ ဗာမယ်လန်းတို့ဟာ ၎င်းတို့ရဲ့ ဒဏ်ရာပြဿနာတွေမှ ပြန်လည်ပျောက်ကင်းလာပြီးနောက် ကြာသပတေးနေ့က အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

ဗာမယ်လန်းဟာ ဘာစီလိုနာက ဘက်တစ်ကို (၅-ဝ)ဂိုးနဲ့ အနိုင်ရဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး (၃)ပတ်ကြာ အနားယူခဲ့ရတာဖြစ်ပါတယ်။

ဒမ်ဘီလီကတော့ ဒီတပတ် တနင်္လာနေ့က အစာအိမ်ပြဿနာကြောင့် အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွှဲချော်ခဲ့ပြီးနောက် ယခုအခါ အဆိုပါပြဿနာမှ ပျောက်ကင်းလာပြီဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ မကစားခင် စနေနေ့မှာ လာလီဂါမှာ အီဘာအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags