အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံးဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာတဲ့ ဖလော်ရီဒါ စာသင်ကျောင်းပစ်ခတ်မှု

အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံးဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာတဲ့ ဖလော်ရီဒါ စာသင်ကျောင်းပစ်ခတ်မှု

အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်က အထက်တန်းကျောင်းတစ်ကျောင်းမှာ ဖေဖော်ဝါရီ ၁၄ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပြီး လူပေါင်း ၁၇ ဦးထိ သေဆုံးသွားခဲ့ပါတယ်။ တရားခံဖြစ်သူကတော့ ယင်းကျောင်းက ကျောင်းသားဟောင်းတစ်ဦးဖြစ်ပါတယ်။

Marjory Stoneman Douglas အထက်ကျောင်းမှာ ဖြစ်သွားခဲ့တဲ့ ယင်းဖြစ်စဉ်ကြောင့် သေဆုံးသွားသူတွေကို အမှူးပြုတဲ့အနေနဲ့ အစိုးရအလံတွေကို တနင်္လာနေ့အထိ တစ်ဝက်လွှင့်ထူထားဖို့   ပြည်နယ်အုပ်ချုပ်ရေးမှူး Rick Scott က ညွှန်ကြားထားပါတယ်။

အဆိုပါ ကျောင်းကတော့ ကျောင်းသားဦးရေ သုံးထောင်ခန့် ရှိတဲ့ အစိုးရကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

ယခုလို စိတ်မကောင်းဖွယ် ဖြစ်စဉ် ဖြစ်ပြီးနောက် ယင်းကျောင်းကို သီတင်းပတ်ကုန်အထိ ပိတ်ထားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

" ဒါက ကျွန်တော်တို့ ဆီမှာ ကြုံခဲ့ရတဲ့ အဆိုးရွားဆုံး ဖြစ်ရပ်ဆိုးတစ်ခုပါ" လို့ Broward ကောင်တီ အစိုးရကျောင်းများဆိုင်ရာ ကြီးကြပ်သူ Robert Runcie က ပြောပါတယ်။

သံသယရှိ တရားခံဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် Nikolas Cruz ကတော့ စည်းကမ်းပိုင်းကြောင့် ကျောင်းကနေ အထုတ်ခံထားရသူဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

ယခုပစ်ခတ်မှုကတော့ မျက်မှောက်ခေတ် အမေရိကန် သမိုင်းမှာ လူသေဆုံးမှုအများဆုံး ပစ်ခတ်မှုတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly