အသက် ၂ နှစ် ၄ လအရွယ်ကလေးအား အသက် ၆၇ နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်

အသက် ၂ နှစ် ၄ လအရွယ်ကလေးအား အသက် ၆၇ နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်
ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၅ ။              ။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အသက် ၂ နှစ် ၄ လအရွယ်ကလေးအား အသက် ၆၇ နှစ်အရွယ်  အမျိုးသားက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ လှိုင်သာယာတွင်နေထိုင်သည့် မိခင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ်အမျိုးသမီးက ဖေဖော်ဝါရီလ  ၁၃ ရက်၊ ညနေ ၄ နာရီအချိန်တွင် ဝက်စာသွားယူနေစဉ် သမီးဖြစ်သူ အသက် ၂ နှစ် ၄ လအရွယ်ကလေးအား အနီးရှိ ကွမ်းယာဆိုင်တွင် ထားရှိခဲ့ကြောင်း သိရသည်။

ထိုသို့ထားရှိခဲ့ပြီး မိနစ် ၃ဝ ခန့်အကြာတွင် နေအိမ်သို့ ပြန်ရန် သမီးဖြစ်သူအား သွားပြန်ခေါ်ရာ ကလေးငယ်က ငိုနေသဖြင့် မိခင်ဖြစ်သူက စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 ထိုသို့ မိခင်ဖြစ်သူက စစ်ဆေးခဲ့ရာ ကလေးငယ်၏ မိန်းမကိုယ်မှာ ရောင်ရမ်းနေသဖြင့် မေးမြန်းခဲ့ရာ လှိုင်သာယာမြို့နယ်၊ အလယ်ရွာနေအသက် ၆၇ နှစ်အရွယ်  ဦးခင်မောင်ဦးက ကလေးအား မုန့်ကျွေးမည်ဟု ကွမ်းယာဆိုင်မှ ခေါ်သွားကြောင်း၊ ပြန်ရောက်ရှိသည့်အချိန်တွင် ကလေးငယ်မှာ ငိုနေခြင်းဖြစ်ကြောင်း သိရသည်။

ကလေးငယ်ကလည်း ဦးခင်မောင်ဦးက သူမအား ၎င်းနေထိုင်သည့် ဂိုထောင်အတွင်းသို့ ခေါ်ဆောင်သွားပြီး မိန်းမကိုယ်အား ယောကျာၤးအင်္ဂါဖြင့် ထိုးသွင်းရန် ကြံစည်ခဲ့သည့်အပြင် လက်ဖြင့် ထိုးသွင်းခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် အသက် ၆၇ နှစ်အရွယ် ဦးခင်မောင်ဦးကို အရေးယူပေးရန် တိုင်ကြားသဖြင့် လှိုင်သာယာမြို့မရဲ စခန်းတွင် (ပ)၆၃၂/ ၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly