တရုတ်နိုင်ငံက ၁၄ နှစ်အောက် မိန်းခလေးများနှင့် လိင်နှီးနှောမှုကို မုဒိမ်းမှုအဖြစ် သတ်မှတ်၍ ပြင်းထန်စွာ အပြစ်ပေးမည်

တရုတ်နိုင်ငံက ၁၄ နှစ်အောက် မိန်းခလေးများနှင့် လိင်နှီးနှောမှုကို မုဒိမ်းမှုအဖြစ် သတ်မှတ်၍ ပြင်းထန်စွာ အပြစ်ပေးမည်
ဓာတ်ပုံ -အေအက်ဖ်ပီ

ပေကျင်း၊ သြဂုတ် ၂၄ ။     ။ ကျောင်းဆရာများ အပါအဝင် ထင်ရှားကျော်ကြားသည့် အပြစ်ကျူးလွန်သူများအပေါ် ပြည်သူ လူထုက ဒေါသူပုန်ထနေသည့်အတွက် အသက် ၁၄ နှစ်အောက် မိန်းခလေးများနှင့် လိင်နှီးနှောသည့် အမျိုးသားများကို ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ရန် တရုတ်အစိုးရက စီစဉ်နေကြောင်း တရုတ် နိုင်ငံပိုင်မီဒီယာက ပြောကြားသည်။

ပြစ်မှုကျူးလွန်သူအချို့အတွက် လက်တစ်လုံးခြား လုပ်၍ ရနေသည့် ဥပဒေဟောင်းကို ပယ်ဖျက်ပစ်မည် ဖြစ်သောကြောင့် ဥပဒေအသစ်အရ ၁၄ နှစ်အောက် မိန်းခလေးများနှင့် လိင်နှီးနှောမှု မှန်သမျှကို မုဒိမ်းမှုအဖြစ် သတ်မှတ်မည် ဖြစ်သည်။

နိုင်ငံပိုင် တရုတ်သတင်းဝန်ဆောင်မှု ဌာန၏ သြဂုတ်လ ၂၄ ရက်က ပြောကြားချက်အရ ဥပဒေပြုစုသူများက ပြန်လည်စဉ်းစားသုံးသပ်ပြီးနောက် အရွယ်မရောက်သေးသည့် မိန်းခလေးများအား ပြည့်တန် ဆာအဖြစ် သွတ်သွင်းသည့် ပြစ်မှုကို တရုတ်ပြစ်မှုကို ဥပဒေမှ ဖယ်ရှားမည်ဖြစ်သည်ဟု ဆိုသည်။ အကယ်၍ ဥပဒေသစ်ကို အတည်ပြု ပြဋ္ဌာန်းလိုက်ပါက အသက် ၁၄ နှစ်အောက် မိန်းခလေးနှင့် လိင်မှုကိစ္စမှန်သမျှကို မုဒိမ်းမှုအဖြစ် သတ်မှတ်မည်ဖြစ်ပြီး သေဒဏ်အပါအဝင် ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်မည်ဖြစ်သည်ဟု ဆိုသည်။

အရွယ်မရောက်သေးသည့် မိန်းခလေးများနှင့် လိင်ဆက်ဆံမှုအတွက် လက်ရှိပြစ်ဒဏ်မှာ ထောင်ဒဏ် ၅ နှစ်မှ ၁၅ နှစ်အထိ ဖြစ်သည်။ ပြည်သူလူထုများနှင့် ဥပဒေပညာရှင်များက ထိုဥပဒေကိုပြောင်း လဲပေးရန် ကာလကြာမြင့်စွာကတည်းက တောင်းဆိုလာနေခဲ့ကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly