ဒုံးကျည်သစ်တစ်စင်းကို အီရန် ဖွင့်လှစ်ပြသ စစ်အင်အားဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်မည်ဟု ပြောကြား

ဒုံးကျည်သစ်တစ်စင်းကို အီရန် ဖွင့်လှစ်ပြသ စစ်အင်အားဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်မည်ဟု ပြောကြား
 အီရန်သမ္မတ ဟက်ဆန် ရိုဟန်နီ။ ဓာတ်ပုံ - NDTV

အီရန်က သြဂုတ်လ ၂၂ ရက်က ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) အကွာအဝေးအတွင်း အပ်ဖျား တစ်ထောက်တိကျမှုဖြင့် ပစ်မှတ်များကို ပစ်ခတ်နိုင်သည့် မြေပြင်ပစ် ဒုံးကျည်သစ်တစ်စင်းကို ဖွင့်လှစ် ပြသ လိုက်ပြီး စစ်အင်အားမှာ ငြိမ်းချမ်းရေးနှင့် ထိရောက်သော သံတမန်ရေးအတွက် တင်ကူး လိုအပ် ချက်ဖြစ်သည်ဟု ပြောကြားသည်။

အီရန်ကာကွယ်ရေးဝန်ကြီးဌာန၏ ဖတက် ၃၁၃ အမည်ရသည့် လောင်စာခဲ ဒုံးကျည်ကို ဖွင့် လှစ်ပြသမှုမှာ အနောက်အစိုးရများက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးသည့်အတွက် အတုံ့အလှည့်အဖြစ် အီရန်က ၎င်း၏ နျူကလီးယား အစီအစဉ် ကန့်သတ်ချက်ကို လိုက်နာရန် လိုအပ် သည့် သဘောတူညီချက်အပြီး တစ်လကျော်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

ထိုသဘောတူညီချက်အရ လာမည့် ၈ နှစ်တာ ကာလအတွင်း အီရန်သို့ ပဲ့ထိန်းဒုံးကျည်နည်း ပညာ လွှဲပြောင်းပေးမှုမှန်သမျှမှာ ကုလလုံခြုံရေးကောင်စီ၏ သဘောတူခွင့်ပြုချက် လိုအပ်မည်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုကလည်း ယင်းကဲ့သို့သော အီရန်၏ တောင်းဆိုချက်မျိုးကို ဗီတိုဖြင့် ပယ်ချ မည်ဟု ကတိပေးထားသည်။ သမားရိုးကျလက်နက်များ တင်သွင်း၊ တင်ပို့မှုကိုလည်း နောက်ထပ် ၅ နှစ် အထိ ပိတ်ပင်ထားဆဲပင် ဖြစ်သည်။

သို့ရာတွင် ၎င်းတို့၏ စစ်ရေးစွမ်းရည်ကို ထိန်းချုပ်ကန့်သတ်သည့် နျူကလီးယား သဘောတူညီ ချက်၏ အစိတ်အပိုင်းများကို အီရန်က လိုက်နာမည်မဟုတ်ကြောင်း သမ္မတဟက်ဆန် ရိုဟန်နီက သြဂုတ်လ ၂၂ ရက်က ပြောကြားသည်။

“ကျွန်တော်တို့ လိုအပ်တဲ့ လက်နက်မှန်သမျှကို ကျွန်တော်တို့ ရောင်းဝယ်တီထွင်မှာပဲ၊ ဘယ်သူ့ ခွင့်ပြုချက်မှ မတောင်းသလို၊ ဘယ်ဆုံးဖြတ်ချက်ကိုမှလည်း လိုက်နာမှာမဟုတ်ဘူး”ဟု ရိုဟန်နီက နိုင်ငံပိုင် ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်သည့် ဒုံးကျည်သစ်ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြား သည်။

“ ကျွန်တော်တို့ အင်အားရှိနေမှ အခြားနိုင်ငံတွေနဲ့ စေ့စပ်ညှိနှိုင်းနိုင်မယ်။ နိုင်ငံတစ်နိုင်ငံဟာ အင်အားနဲ့ လွတ်လပ်မှုမရှိရင် တကယ့်အစစ်အမှန် ငြိမ်းချမ်းရေးကိုလည်း မရနိုင်ဘူူး’’ ဟုရိုဟန်နီကပြောသည်။

အီရန်ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ အီရန်အမျိုးသား ကာကွယ်ရေးနေ့တွင် ဖွင့်လှစ်ပြသခဲ့သည့် ဖတက် ၃၁၃ ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ခဲ့ပြီး မကြာမီ အမြောက်အမြား ထုတ်လုပ်တော့မည် ဖြစ်သည်ဟု ဆိုသည်။

အီရန်မှာ အရှေ့အလယ်ပိုင်းတွင် အကြီးမားဆုံး ဒုံးကျည်အစီအစဉ် ရှိထားသူဖြစ်ပြီး ဖြစ်လာ နိုင်ဖွယ်ရှိသည့် ကမ္ဘာရန် အစ္စရေး၏ တိုက်ခိုက်မှုမှန်သမျှကို တားဆီးရန် ဒေသတွင်း မဟာမိတ်များ ထံသို့လည်း လက်နက်များ တင်ပို့ပြီး၊ ဒုံးခွင်းဒုံးစနစ်များလည်း တင်သွင်းလိုသော ဆန္ဒရှိ နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly