လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုအပေါ် ကာယကံရှင် လူငယ်အမျိုးသမီးတို့ ပြောဆိုမှု (အပိုင်း ၁)

လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုအပေါ် ကာယကံရှင် လူငယ်အမျိုးသမီးတို့ ပြောဆိုမှု (အပိုင်း ၁)

မဇ္ဈိမ ပရိသတ်များ မင်္ဂလာပါရှင်။ အခုလက်တလော ဗေဒင်ဆရာ အောင်ချစ်ပိုကို အမျိုးသမီးတစ်စုက တရားစွဲဆိုထားတာရှိသလို ဗေဒင်ဆရာ အောင်ချစ်ပိုကလည်း အမျိုးသမီးအချို့ကို တရားစွဲဆိုထားတဲ့ ကိစ္စတွေ အပြန်အလှန် ဖြစ်ပွားနေပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အမျိုးသမီးတွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင့်။

ဒိန်းပိုပိုဒေါင် (သရုပ်ဆောင်)

ဟုတ်ကဲ့။ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ် ပို ၁၀ တန်းနှစ်ပေါ့နော်။ အဲဒီနှစ်တုန်းက သူငယ်ချင်း မသဇင်ဝိုင်းနဲ့ အတူတူ အဲဒီတုန်းက ကျူရှင်ပြေးပြီးတော့ ကျောင်းကနေ ဆင်းပြီးတော့ပေါ့ အဲဒီတုန်းက ကိုရီးယားအရမ်း အရူးထနေတဲ့ ခေတ်ပေါ့။ ကလေးဆိုတော့ စိတ်ကစားတဲ့အရွယ်လေ။ အဲဒီတော့ အချစ်ရေးကြောင်းလည်း မေးချင်တယ်။ ပညာရေးအကြောင်းလည်း မေးချင်တယ်ဆိုတော့ စာမေးပွဲကလည်း နီးနေပြီဆိုတော့ အဲဒါနဲ့ ကိုးထပ်ကြီးဘုရားမှာရှိတဲ့ ဗေဒင်ဟောခန်းတစ်ခုမှာ သွားမေးခဲ့ပါတယ်။ သွားမေးတော့ ပထမဦးဆုံးအနေနဲ့ အဲဒီသူငယ်ချင်း မသဇင်ဝိုင်းကနေပြီးတော့ ပထမဦးဆုံး သူက ပညာရေးမေးတယ်။ သူကတော့ အချစ်ရေးကို မမေးဘူး။ ပိုပိုကလည်း အဲဒီအချိန်မှာ ပညာရေးကို မေးတယ်။ ပိုပိုက ပြောလိုက်တယ် အချစ်ရေးအကြောင်းလည်း ထပ်မေးမယ်ပေါ့နော်။ အချစ်ရေးအကြောင်း မေးချင်လို့ရှိရင် နှစ်ယောက်ပါလာတယ် တစ်ယောက်က အပြင်ထွက်ပေးရမယ်တဲ့။ တစ်ယောက်ကပဲ အခန်းထဲမှာ နေပေးရမယ်တဲ့။ တစ်ယောက်ချင်းစီမေးမှ အဆင်ပြေမယ်လို့ ပြောတယ်။ ဟုတ်ကဲ့ဆိုပြီးတော့ သူငယ်ချင်းကို အပြင်ကို ထွတ်ခိုင်းလိုက်တယ်။ ထွက်ခိုင်းပြီးတော့ သူက အရင်ဦးဆုံး တားရော့ကဒ်တွေနဲ့ အရင်လုပ်တယ်။ အဲဒါလေးလုပ်ရင်းနဲ့ ဘာတွေပြောလဲတော့ မသိဘူး။ သူ့ပါစပ်ကနေပြီးတော့ ဂါထာလိုမျိုးဟာတွေ ရွတ်တယ်။ ရွတ်လည်းရွတ်ပြီးရော အဲဒီသူငယ်ချင်းနဲ့ အတူတူလာတာလားပေါ့ ဘယ်ကလာတာလဲဆိုပြီး သူငယ်ချင်းရဲ့အကြောင်းကို အရင်မေးတယ ်။ နောက်ပြီးတော့ ဘာမေးချင်လဲ မေးတဲ့ဆိုပြီးတော့ သမီးရဲ့ရည်းစားက သမီးနဲ့အဆင်မပြေဘူး သမီးကို မချစ်ဘူးလားမသိဘူး အဲဒီလိုမျိုးပေါ့နော် လျှောက်မေးတာပေါ့။ မေးလည်းမေးရော သူက အရင်ဦးဆုံး ဘာပြောလဲဆိုတော့ သမီးရဲ့ရည်းစား သမီးဆီကို ပြန်လာအောင် ချစ်လာအောင် ဆီတစ်မျိုး ပေးမယ်ပေါ့နော်။ အဲဒီဆီကို လိမ်းရမယ်ပြောတယ်။ ဟုတ်ကဲ့ ဆီပေးပေါ့နော်။ သမီးဘာသာ သမီး လိမ်းမယ်ဆိုတော့ သူက အဲဒီလိုလိမ်းပေးလို့ မရဘူးတဲ့။ သူ့ရဲ့လက်နဲ့ လိမ်းပေးမှ အာနိသင်ရှိတယ်ပေ့ါနော်။ အစွမ်းထက်မယ်တဲ့။ အဲဒီလိုကျတော့ ဦးလေးလို့ သမီးက အဲဒီလိုမျိုးကြီးကျတော့ ကြောက်တယ်လို့ သမီးတစ်ခါမှလည်း အဲဒီလိုမျိုး မလုပ်ဖူးဘူးပေါ့။ အဲဒါဆိုလို့ရှိရင် နင်မဖြစ်ဘူးနော်တဲ့။ ဘာညာပေါ့။ ကလေးကို ခြိမ်းခြောက်တယ်။ အဲဒါဆိုရင် နင့်ရည်းစား နင့်ကို ထားခဲ့မယ်လို့ ပြောတယ်။ အော် ဟုတ်ကဲ့ပေါ့ အဲဒါဆိုလို့ရှိရင်လည်း လိမ်းပေါ့။ သူက ဘယ်လိုပြောလဲဆိုတော့ ငါက နင့်ရဲ့ အဖေအရွယ် အဖိုးရွယ်လောက်ရှိတယ် နင်က ငါကမွေးရင် ငါ့သမီး ငါ့မြေးအရွယ်လောက်ပဲ ရှိတယ်ပေါ့နော်။ နင်ဘာကိုမှ ရှက်စရာမလိုဘူး။ အခု ငါ အဲဒီလိုလုပ်တာ နင့်တစ်ယောက်တည်းလို့ ထင်နေလားတဲ့ အရှေ့မှာတဲ့ ငါအဲဒီလိုမျိုးလုပ်ပေးလို့ အဆင်ပြေသွားတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်တဲ့။ အဲဒါကို နင်က ဘာဖြစ်လို့ ကြောက်နေတာလဲတဲ့။ နင့်ထက်အသက်ကြီးတဲ့လူတွေတောင် မကြောက်ဘူး ဘာညာပြောတယ်။ အဲဒီလိုမျိုးခြိမ်းခြောက်တော့ ကိုယ်က ကလေးအတွေးနဲ့ စဉ်းစားပြီလေ ဘယ်လိုစဉ်းစားလဲဆိုတော့ ငါ့ရှေ့မှာတောင် ငါ့ထက်အသက်ကြီးတဲ့အမကြီးတွေတောင် လုပ်ဖူးတယ်ဆိုတော့ ဒါ ဟုတ်နိုင်ပါတယ်လေ ဆိုပြီးတော့ ကိုယ်က ဒါ ပထမဦးဆုံး ဗေဒင်သွားမေးဖူးတာလည်းဖြစ်တယ်။ ကိုယ့်ဘဝမှာလည်း တစ်ခါမှလည်း မမေးဖူးဘူး။ အဲဒါဆိုလို့ရှိရင်လည်း ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးတော့ သူပြောတဲ့စကားနဲ့ ကိုယ်က ယုံမိပြီးတော့ ဟုတ်ကဲ့ လိမ်းပါ လိမ်းပါဦးလို့ပေါ့နော်။  အဲဒါနဲ့ လိမ်းလိုက်တယ်ပေါ့နော်။ ရင်သားနှစ်ဖက်လုံးကို လိမ်းတယ်။ လိမ်းပြီးသွားတော့ သူက ဘာမေးလဲဆိုတော့ သမီးရဲ့ခန္ဓာကိုယ်မှာ မှဲ့တွေရှိလားတဲ့။ အဲဒီလိုမျိုးအရင်မေးတယ်။ ဘယ်နေရာတွေမှာ ရှိလဲတဲ့။ ဒီ ဦးလေးပြောပြတဲ့နေရာတွေမှာ ရှိလားတဲ့ပေါ့နော်။ ရင်သား ၊ ဗိုက် ၊ ပေါင် အဲဒီလိုနေရာတွေမှာရှိလားတဲ့ ။ ရင်သားမှာတော့ ရှိတယ်လေ ရှိတော့ ရှိတယ်လို့ဆိုတော့ အဲဒီအညံ့ကို ပျောက်ချင်လို့ရှိရင် အဲဒီအညံ့ဆိုတာက ဒီမှဲ့ရှိနေလို့ ကိုယ်က ညံ့နေတာပေါ့နော်။ အဲဒါကို ပျောက်ချင်လို့ရှိရင် ဦးလေးပေးတဲ့ ရုပ်တုတစ်ခုကို ရင်သားထဲမှာ ဆောင်ထားရမယ်လို့ပြောတယ်။ အဲဒါဆိုရင်လည်း ပေး သမီးဘာသာ အိမ်ရောက်လို့ရှိ ရင် ထည့်လိုက်မယ်ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒါကို သူထည့်ပေးမှ စွမ်းမယ် ထပ်ပြောပြန်ရော။ အဲဒါဆိုလည်း ဟုတ်ကဲ့ပါပေါ့။ နင်က ဘာလဲ ရှက်နေပြန်ပြီးလားတဲ့ ထပ်ပြောပြန်တယ်။ အဲဒီတော့ သူ ထပ်ထည့်လိုက်တယ်။ ပြီးတော့ နောက်ဆုံး ဘာမေးလဲဆိုတော့ နင့်ကိုငါ ပွင့်ပွင့်လင်းလင်းပဲ မေးတော့ မယ်တဲ့ ၊ နင့်ရဲ့ကောင်လေးနဲ့ နင်နဲ့ လွန်လွန်ကျူးကျူး ဖြစ်ဖူးလားတဲ့။ အဲလိုမေးတော့ ကိုယ်က အဲလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ၁၅ - ၁၆ ဆိုတာက အပျိုဖော်ဝင်ကာစလေးပဲ ရှိသေးတယ်။ ကလေးစိတ် သာသာ အဲဒါမျိုးစိတ်ဆိုတာကလည်း မရှိဘူး။ လုံးဝကို မရှိဘူးဆိုတော့ သမီး အဲဒီလိုမျိုး မရှိပါဘူးပေါ့။ တစ်ခါမှ မရှိဘူးလို့ အဲဒီလိုမျိုးဖြစ်ဖို့ နင့်ကို သူ ချိန်းတာတွေဘာတွေမျိုးရော ရှိလားတဲ့။ အဲဒီလိုမျိုးမေးတော့ အဲဒီလိုမျိုးလည်း မရှိဘူးလို့။ တခြား ဒီထက် မိုက်ရိုင်းတာတွေ မေးတာလည်း ရှိသေးတယ်။ အဲဒါကိုတော့ ထုတ်ပြီးတော့ မပြောချင်တော့ဘူး။ မေးတာကတော့   တော်တော်ရိုင်း တယ် ပေါေ့နာ်။ ဦးရယ် သမီးကို ဘာတွေမေးနေတာလဲလို့ သမီး အဲဒီလိုမျိုးတွေ မရှိပါဘူးလို့ ၊ အဲဒါ မရှိလို့ နင် အခုလိုမျိုးဖြစ်နေတာ သိလားတဲ့။ နင်အဲဒီလိုမျိုးမရှိလို့ ဖြစ်နေတာဖြစ်တဲ့အတွက် အညံ့တွေပျောက်အောင် နင် အရင်လုပ်ရမယ်တဲ့။ အဲဒီတော့ နင့်ရဲ့ ၊ ကန်တော့ ၊ ကန်တော့ နော် မိန်းမအင်္ဂါကို ဆီလိမ်းရမယ်လို့ ပြောတယ်။ အဲဒါတော့ မဖြစ်ဘူးလို့ သမီးကြောက်တယ် အဲဒါတော့ မလိမ်းပါရစေနဲ့လို့ တောင်းပန် တယ်။ တောင်းပန်တော့မရဘူး သူ့ပုံစံက နင်အဲဒီလိုမျိုး မလုပ်လို့ရှိရင် နင့်ကို အဲဒီကောင်လေးက ထားခဲ့မှာနော် ပြီးတော့ နင်ဘာလုပ်လုပ် မအောင်မြင်ဘူးဆိုပြီး လျှောက်ပြောတယ်။ အဲဒီလိုမျိုးလုပ်လို့ အဆင်ပြေသွာတာ နင်တစ်ယောက်တည်းလည်းမဟုတ်ဘူး။ အများကြီးပဲဆိုပြီး သူက အဲဒီလိုမျိုးတွေ လျှောက်ပြောတော့လေ ဟုတ်လား ဦးရယ်ဆိုပြီးတော့ အဲဒီတုန်းကတော့ ရှက်ရှက်နဲ့ပဲ ပြောပါမယ်။ အဲဒီတုန်းက သူလိမ်းတာကို ခံရဖူးပါတယ်။ အပေါ်ရော အောက်ရောပေါ့နော် လိမ်းတာ ခံရတယ်။ ပြီးတော့ သမီးက ဦးရယ် ခနလောက်ပဲ လိမ်းပါပေါ့နော် အရမ်းအကြာကြီး မလိမ်းပါနဲ့လို့ပြောတော့ သူက ဟုတ်ပြီဟုတ်ပြီဆိုပြီးတော့ ပြန်ခါနီးကျတော့ သူက ဘာခြိမ်းခြောက်လဲဆိုတော့ နင် ဒီကိစ္စတွေ ငါလိမ်းတာတွေ အဆောင်တွေထည့်ထားတာတွေကို အဲဒီအဆောင်လေးက ရွှေရောင်ရုပ်တုလေး။ အဲဒါကို သုံးရက်ကြာ ရင်ဘတ်ကြားထဲမှာ ထည့်ထားရမယ်တဲ့။ တကယ်လို့ တစ်ယောက်ယောက်ကို ပြောသည်ပဲဖြစ်စေ ဒါကို တစ်ယောက်ယောက် မြင်သွားသည်ပဲဖြစ်စေ နင်အသက်အန္တရာယ် ထိခိုက်နိုင်တယ်နော်တဲ့ ၊ စာမေးပွဲဆိုရင်လည်း နင်ကျမှာနော်တဲ့။ နင့်ကောင်လေးလည်း နင့်ဆီ ပြန်လာမယ်မမှတ်နဲ့တဲ့။ အဲဒီလိုမျိုးတွေ လျှောက်ပြောတယ်။ အဲဒီတုန်းကကျတော့ ကိုယ်က အဲဒီအပေါ်မှာ အားလုံး မေးလာစရာ မေးခွန်းတစ်ခုရှိတယ်။ ဘာလဲဆိုတော့ ဘာဖြစ်လို့ ခံခဲ့လဲပေါ့နော်။ ဘာလို့ခံခဲ့လဲဆိုတော့ ဒီလူက အယုံသွင်းတဲ့စကားကြောင့် ကလေးအနေနဲ့ မတွေးမိတာက တစ်ကြောင်း ၊ နောက်တော့ ကိုယ်က ဘာပဲဖြစ်ဖြစ် မိန်းကလေးဆိုတာက ကိုယ်ဒုက္ခရောက်နေချိန် အကူအညီလိုနေချိန် တစ်ခုခုမှာ ဘာပဲဖြစ်ဖြစ် အော် ငါဒါလေးကို လုပ်လိုက်ရင်များ အဆင်ပြေ သွားမလား ဆိုပြီးတော့ အားကိုးချင်တဲ့စိတ် ဖြစ်တယ်။ မိန်းကလေးဆိုတာက ဗေဒင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အယုံလွယ်တဲ့ အမျိုးဆိုတော့နော်၊ အဲဒါကြောင့်မိုလို့ ခံခဲ့ရတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ နည်းနည်း မတင်မကျဖြစ်တယ်။ ဒါတကယ်ရော ဟုတ်ရဲ့လား ၊ဒီဦးလေးကြီး ငါ့ကိုပြောတာ ဟုတ်ရောဟုတ်ရဲ့လားဆိုပြီးတော့ မတင်မကျဖြစ်ခဲ့ပြီးတော့ အိမ်ကို သူပေးတဲ့အဆောင်နဲ့ အတူတူ ကြောက်ပြီးတော့ ပြန်ခဲ့တယ်။ စိတ်ထဲမှာတော့ တွေတွေဝေဝေပဲပေါ့နော်။ အဲဒီလိုမျိုး ငါ သူလုပ်တာကို ခံခဲ့ရတာ မှားလား မှန်လားဆိုတာ ဝေခွဲမရ ဖြစ်ခဲ့တယ်ပေါ့နော်။

ဝိုင်းယုယ (သရုပ်ဆောင်)

ညီမကကျတော့ လွန်ခဲ့တဲ့ ၂၀၁၄ လောက်က ဖြစ်တာပေါ့နော်။ ကိုယ်ထိလက်ရောက်တော့ မပါဘူး။ ဒါပေမယ့် စကားနဲ့ အစော်ကားခံခဲ့ရတာ။ အဲဒီလိုမျိုးတော့ လုံးဝ လက်မခံနိုင်ဘူးပေါ့နော်။ ညီမက ကိုးထပ်ကြီးဘုရားနားမှာနေတယ်။ သူငယ်ချင်းကတော့ သူက အိမ်ထောင်ရေးအဆင်မပြေလို့ ဆိုပြီးတော့ သူ သွားမေးချင်တယ်ပေါ့နော်။ သွားမေးချင်တဲ့အခါကျတော့ ညီမကို အဖော်အဖြစ်ခေါ် တယ်။ အဲဒီတော့ ညီမက အဖော်အဖြစ် လိုက်သွားတယ်။ ညီမမှာ ဘာမှတော့ အခက်အခဲမရှိဘူး။ လိုက်သွားတယ်။ လိုက်သွားတဲ့အခါမှာ မနက်စောစောပဲ သွားခဲ့တာပေါ့နော်။ အဲဒီအချိန်မှာ တစ်ယောက်ချင်းစီ ဝင်တယ်ပေါ့။ သူကလည်း ဆိုင်းဘုတ်တွေဘာတွေ ကပ်ထားတယ်လေ။ တစ်ယောက်ချင်းဝင်လျင် သင့်အတွက် ပိုသင့်တော်ပါသည်ဆိုပြီးတော့ အဲဒီတော့ သူငယ်ချင်း တစ်ယောက်တည်းပဲ ဝင်ဆိုပြီးတော့ တစ်ယောက်ချင်းစီပဲ ဝင်ခဲ့တာပေါ့နော်။ ဒါပေမယ့် ဒီဟောခန်း ကလည်း အထဲကိုလည်းမမြင်ရဘူး။ မှန်ကလည်း ဘယ်လိုပြောမလဲ လိုက်ကာလည်းကာထားသလို စတစ်ကာတွေလည်း ကပ်ထားတဲ့အခါကျတော့ မမြင်ရဘူး။ ဒါပေမယ့်လည်း ကိုးထပ်ကြီးဘုရားဝင်း ထဲမှာ ဖြစ်တဲ့အခါကျတော့ ပြီးတော့ အများသူငါ ရှိတဲ့နေရာဖြစ်တယ်။ ဗေဒင်ဟောခန်းလည်း ဖြစ်တဲ့ အခါကျတော့ ဒါက ဘုရားဝင်းထဲမှာ ဖြစ်တဲ့အတွက် ယုံကြည့်ရမှာပဲလေ။ အဲဒီအတွက် ဝင်သွားတယ်။ အော် အခန်းထဲရောက်တော့လည်း ဘုရားတွေရှိတယ်။ ရုပ်တုတွေလည်း အများကြီးရှိတယ်။ ဆိုတော့ ကိုယ်ကလည်း ယုံယုံကြည့်ကြည်နဲ့ပဲ ဟောခန်းထဲကို ဝင်သွားပြီးတော့ ဗေဒင်တွက်လိုက်တယ်ပေါ့ နော်။ တွက်တဲ့အချိန်မှာတော့ ပညာရေး အချစ်ရေး ကျန်းမာရေး အကုန်လုံး စီးပွားရေးကအစ တွက်တယ်ပေါ့နော်။ တွက်တဲ့အချိန်မှာ အရှေ့မှာတော့ သူ တွက်သွားတယ်။ နောက်ပိုင်းမှာကျတော့ အချစ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာကျတော့ သူက ထူးထူးခြားခြားတွေ ပြောလာတယ်။ နင့်မှာ ရည်းစားရှိလားပေါ့နော်။ ဟုတ်ကဲ့ ရှိပါတယ်ပေါ့။ အဲဒီအချိန်တုန်းကတော့ ရှိခဲ့တာကိုး။ ဒါဆိုလို့ရှိရင် ငါမေးမယ်။ ငါမေးတဲ့စကားကိုလည်း ဘယ်လိုမှ မထင်နဲ့ပေါ့နော်။ ဒါက ငါက ဗေဒင်အရမေးရတာ ဟောရတာဆိုပြီးတော့ မေးတယ်။ ထားခဲ့ဖူးတဲ့ ရည်းစားတွေနဲ့ လွန်လွန်ကျူးကျူး ဖြစ်ဖူးလား။ အဲလို မျိုး မေးခွန်းတွေ မေးတယ်။ ပြီးတော့ ငါ့ကို ဘာမှမရှက်နဲ့ ငါက နင့်ရဲ့ ဦးလေးအရွယ် အဖေအရွယ် လောက်ရှိတယ်။ ငါက အဲဒီလိုမျိုး ယတြာချေခဲ့ဖူးတာတွေရှိတယ်။ အဲဒီအတွက် နင်ဘာမှ ရှက်စရာ မလိုဘူး ငါ့ကို ပွင့်ပွင့်လင်းလင်းပြော။ အခု ငါတို့ပြောနေတာလည်း ဘယ်သူမှ ကြားရတာမဟုတ်ဘူး။ နင်ရယ်ငါရယ် နှစ်ယောက်တည်းပဲရှိတာ။ ဆိုတော့ အဲဒါနဲ့ ကိုယ်ကလည်း သူမေးတဲ့အချိန်မှာ မရှိပါဘူးဆရာရယ်လို့ အဲဒီလိုမျိုးပြောတယ်။ အဲဒီကိစ္စကို ဆရာ ဘာဖြစ်လို့များ မေးတာလဲပေါ့နော်။ တခြား ဗေဒင်ဆရာတွေကိုလည်း သွားတွက်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီလိုမျိုး အမေးမခံခဲ့ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှိခဲ့ဖူးရင် အညံ့တွေရှိတယ် ၊ အဲဒီအညံ့တွေကို ဖျောက်ရမယ်။ အဲဒီတော့ အမျိုးသား ဘယ်နှစ်ယောက်နဲ့ အိပ်ခဲ့ဖူးတာလဲ။ နေ့နံတွေက ဘာတွေလဲ။ ဆရာ သမီးမှာ အိပ်ခဲ့ဖူးတာ မရှိပဲနဲ့ ဘာဖြစ်လို့ အဲဒီလိုမျိုးမေးခွန်းတွေကို မေးရတာလဲ။ ဒါ ကိုယ့်ကို စော်ကားလိုက်တာပဲလေ။ ဗေဒင်ပညာရပ်မှာက ပြောထားပြီးသား ဒီလိုမျိုးမေးခွန်းတွေက မမေးသင့် မမေးထိုက်တဲ့ မေးခွန်း တွေပေါ့နော်။ အဲဒီလိုမျိုးတွေ မေးလာတယ်။ အဲဒီမှာကတည်းက ကိုယ်က သူ့ကို အယုံအကြည် လုံးဝ မရှိတော့ဘူး။ မရှိတော့ ဟုတ်ပြီ သူပြောတာတွေ ဟောတာတွေကိုပဲ နားထောင်ခဲ့ပြီးတော့ပဲ ပြန်လာခဲ့ တယ်။ ဒါပေမယ့် သူက ယတြာချေဖို့အတွက် ထပ်ချိန်းသေးတယ်ပေါ့နော်။ ပြီးတော့ မှဲ့အကြောင်းက လည်း မေးတယ်။ မှဲ့ရှိတဲ့ လေးနေရာကို မေးတယ်။ မသိလို့ရှိရင် နင် အိမ်မှာ ကြည့်လာခဲ့။ နောက် တစ်ပတ် နင် ယတြာချေဖို့ ပြန်လာတဲ့အခါကျရင် ငါ့ကို ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ပြောဆိုပြီး တော့ သူက အဲဒီလိုမျိုးနဲ့ပဲ ပြောခဲ့တာ။ ညီမက အဲဒီအချိန်မှာ လုံးဝကို အယုံအကြည်မရှိတော့ဘူး။ သူမေးလိုက်တဲ့ မေးခွန်းကိုက အဓိပ္ပာယ်မရှိဘူး။ ဗေဒင်နဲ့လည်း မကိုက်ညီတဲ့ မေးခွန်းကို မေးလာ တယ်ပေါ့နော်။ ဒါပေမယ့် ညီမကတော့ ပြန်သွားခဲ့တယ်။ နောက်တစ်ပတ်ချိန်းတော့ ညီမ မသွားခဲ့ဘူး။ ဒါပေမယ့် ညီမသူငယ်ချင်းကတော့ သွားခဲ့တယ်ပေါ့နော်။ သူကတော့ အိမ်ထောင်ရေးအဆင်မပြေလို့ သူ့မှာ အပူအပင်နဲ့မိုလို့ သူ သွားမေးခဲ့တယ်။ ဒုတိယတစ်ခေါက် သွားမေးတဲ့အချိန်မှာတော့ သူ့ကို ကိုယ်ထိလက်ရောက်တော့ ကျူးလွန်ခဲ့တယ်ပေါ့နော်။ ဒီဗေဒင်ဆရာက ပေါ့နော်။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly