Samsung Galaxy Note 5 တစ်ရက်တည်း အလုံးရေ ၂၀၀၀ ကျော် ရောင်းချခဲ့ရ

Samsung Galaxy Note 5 တစ်ရက်တည်း အလုံးရေ ၂၀၀၀ ကျော် ရောင်းချခဲ့ရ

Samsung ၏ နောက်ဆုံး ထုတ်ကုန် Samsung Galaxy Note 5 ကို ပြည်တွင်းတွင် သြဂုတ် ၂၃ ရက်က စတင် ရောင်းချခဲ့ရာ တစ်ရက်တည်း အလုံးရေ ၂၀၀၀ ကျော် ရောင်းချခဲ့ရသည်ဟု Samsung က သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်သည်။

Samsung Galaxy Note 5 ကို ရန်ကုန်တွင် လှည်းတန်းစင်တာ နှင့် မန္တလေးတွင် ဆီဒိုးနား ဟိုတယ်တို့၌ ရောင်းချပေးခဲ့ပြီး ပထမဆုံး စတင် ရောင်းချရာတွင် အထူးဈေးနှုန်းအဖြစ် ကျပ် ၈၅၀၀၀၀ ဖြင့် ရောင်းချခြင်းဖြစ်သည်။

ယင်းအပြင် Samsung Galaxy Note 5 ကို သြဂုတ် ၂၃ ရက် ညနေ ၅ နာရီမှစတင်ပြီး Samsung Brand Shops များတွင် ၈၈၀၀၀၀ ကျပ်ဖြင့် စတင်ဝယ်ယူနိုင်ပြီဟုလည်း Samsung က သတင်းထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags