ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်သူရာပေါင်းများစွာက မိုးရေထဲ၌ ချီတက်ဆန္ဒပြ

ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်သူရာပေါင်းများစွာက မိုးရေထဲ၌ ချီတက်ဆန္ဒပြ

 

ဝါရှင်တန်၊ ဖေဖေါ်ဝါရီ ၈ ။                 ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့် လူဖြူလူမျိုးကြီးဝါဒကိုဆန့်ကျင်သော ပြည်သူ ၆၀၀ ခန့်က ဝါရှင်တန်မြို့၌ ဗုဒ္ဓဟူးနေ့က မိုးသည်းထဲတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

“တကယ်လို့နိုင်ငံအနေနဲ့ သူ့ရဲ့လူမျိုးလူမျိုးကြီးဝါဒ တောင်းဆိုချက်တွေကို လက်ခံမယ်ဆိုရင် အထောက် အထားမရှိတဲ့လူငယ်တွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ လမ်းဖွင့်ပေးမယ်လို့ ထရမ့်ကပြောဆိုခဲ့ပါတယ်” ဟု United We Dream အဖွဲ့ကိုတည်ထောင်သူများထဲမှ တစ်ဦးဖြစ်သော ခရစ္စတီးနားဂျီမီနက်ဇ်က ပြောခဲ့သည်။

လွန်ခဲ့သောနှစ်ပတ်ခန့်က ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံသားဖြစ်ခွင့်အတွက် စိတ်ကူးအိပ်မက်နေကြ သည့် အထောက်အထားမဲ့လူငယ် ၁.၈ သန်းခန့်ကို နိုင်ငံသားဖြစ်ခွင့်ပေးနိုင်မည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒ ပြောင်းလဲမှုသဘောတူညီချက်တစ်ခုကို ကွန်ဂရက်သို့ အဆိုတင်သွင်းခဲ့သည်။ ထိုလူငယ်များသည် ကလေးဘ၀ အရွယ်ကတည်းက အမေရိကန်သို့ မိသားစုနှင့်အတူ လိုက်ပါလာခဲ့သူများဖြစ်ကြသည်။

သို့သော်လည်း ထရမ့်က သူ၏ရည်ရွယ်ချက်ဖြစ်သော အမေရိကန်-မက္ကစီကိုနယ်စပ်၌ လုံခြုံရေးကိုတိုးမြှင့်သည့် အနေဖြင့် ဒေါ်လာ ၂၅ ဘီလျံခန့်ကုန်ကျမည့် တံတိုင်းကြီးကာရန်မည့်အစီအစဉ်အား ထောက်ခံရမည်ဟု ပြောဆိုခဲ့သည်။

တက်ကြွလှုပ်ရှားသူများက ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒပြောင်းလဲမှုသည် အမေရိကန်နိုင်ငံသား ဖြစ်ရန် စိတ်ကူးအိပ်မက်နေသူများအား အသုံးချခြင်းဖြစ်ပြီး မိသားစုများကို စိတ်ဝမ်းကွဲသွားစေနိုင်သည်ဟု ပြောဆိုခဲ့ကြသည်။

ဆန္ဒပြပွဲစီစဉ်သူများ၏ပြောကြားချက်အရ သူတို့၏အဓိကရည်မှန်းချက်မှာ ထရမ့်၏ ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေးမူဝါဒကိုဆန့်ကျင်ရန်နှင့် အထောက်အထားမဲ့သော ရွှေ့ပြောင်းနေထိုင်သူလူငယ် ၁.၈ သန်း အတွက် သန့်ရှင်းပြီးအမြဲတမ်းခိုင်မာမည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒချမှတ်သွားရန် ကွန်ဂရက်ကို ဖိအားပေးရန် ဖြစ်သည်ဟု သိရသည်။

ဆန္ဒပြပွဲ၌ပါဝင်ခဲ့သော ဘန်နာရစ်ဆာ ဒါဗီလာဆိုသည့် အထောက်အထားမဲ့ မက္ကစီကိုလူငယ်လေးက “ ကျနော် တို့ပြည်သူတွေကို ထိခိုက်နစ်နာမှုမရှိစေမယ့် ဥပဒေတစ်ခုမျိုးချမှတ်သွားဖို့ ကွန်ဂရက်ရဲ့အကူအညီကို ကျနော် တို့လိုအပ်ပါတယ်။ ကျနော်တို့ဟာ အမေရိကန်လူ့အသိုင်းအဝိုင်းအတွက် အရည်အသွေးတွေ၊ ကာယဉာဏအား တွေနဲ့ အမျိုးမျိုးအနစ်နာခံခဲ့ပြီး ကူညီအားဖြည့်ပေးခဲ့သူတွေဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly