ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မာဆေးလ်အသင်းမှ ထွက်ခွာခဲ့သူ ပြင်သစ် ဝါရင့်နောက်ခံလူ ပက်ထရစ် အီဗရာကို ခေါ်ယူလိုက်ပြီဖြစ်တယ်လို့ အသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
“ဝက်စ်ဟမ်းအသင်းဟာ အီဗရာကို ကာလတိုစာချုပ်တစ်ရပ်နဲ့ လက်မှတ်ထိုး စာချုပ်နိုင်ခဲ့ကြောင်း အတည်ပြုပါတယ်။”လို့ ပရီးမီးယားလိဂ်ကလပ်က ၎င်းတို့ရဲ့ တရားဝင်ဝဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။
ပက်ထရစ်အီဗရာမှာ ပေါ်တူဂီကလပ်အသင်း ဂွီမာရက်စ်နှင့်ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီ အသင်းပရိသတ်ကို ခြေထောက်ဖြင့် ကန်ခဲ့တာကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်က ၎င်းကို ပြည်တွင်းပြိုင်ပွဲတွေမှာ မကစားဖို့ တားမြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ရောက်ရှိလာသူ အသက် ၃၆ နှစ်ရှိ အီဗရာဟာ မန်ယူအသင်းနဲ့ ၈ ရာသီကျော်အတွင်း ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ရရှိခဲ့သူဖြစ်ပါတယ်။
အီဗရာဟာ စနေနေ့မှာ ဝက်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းအတွက် ပွဲထွက် ကစားဖွယ်ရှိနေပါတယ်။
Ref; EFE-EPA