အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး စင်ကာပူတွင် ကျင်းပ

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး စင်ကာပူတွင် ကျင်းပ

စင်ကာပူ၊ ဖေဖော်ဝါရီ ၆ ။         ။ အရှေ့တောင်အာရှနိုင်ငံများအသင်းကြီး အာဆီယံနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများသည် စင်ကာပူတွင် ဖေဖော်ဝါရီ ၆ ရက်က နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပခဲ့ကြပြီး ဒေသလုံခြုံရေးအား ထိပ်တန်းထား ဆွေးနွေးကြသည်။

“အကြမ်းဖက်ဝါဒဟာ ဘုံခြိမ်းခြောက်မှု ဖြစ်နေတယ်။ ခု အစည်းအဝေးအပြီးမှာ ကျွန်တော်တို့က ပူးတွဲကြေညာချက်ကို ထုတ်ပြန်ပါမယ်။”ဟု စင်ကာပူကာကွယ်ရေးဝန်ကြီး ငိုင်အန်းဟန်က အဖွင့်မိန့်ခွန်းပြောကြားသည်။

တက်ရောက်လာကြသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများကို စင်ကာပူတွင် ကျင်းပနေသော စင်ကာပူလေကြောင်းပြပွဲသို့ ပို့ဆောင်ဧည့်ခံကာ ဝန်ကြီးချုပ် လီရှန်လွန်းက နေ့လည်စာဖြင့် တည်ခင်းမည်ဖြစ်သည်။

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအပြီး အာဆီယံ-တရုတ် ကာကွယ်ရေးဝန်ကြီးများ ပြင်ပန်းစည်းဝေးတစ်ရပ်ကိုလည်း ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် တရုတ်ကာကွယ်ရေးဝန်ကြီး ချန်းဝန်ကန်းက ပြီးခဲ့သည့် ငါးနှစ်အတွင်း တရုတ်နှင့် အာဆီယံသည် ပိုမိုယုံကြည်မှု ဖွံ့ဖြိုးလာကာ အရေးကြီးသော မဟာဗျူဟာမိတ်ဆွေများ ဖြစ်လာခဲ့ကြောင်း ပြောသည်။

ယခုနှစ်တွင် စင်ကာပူသည် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူရပြီး အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကိုလည်း သဘာပတိမူရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly