ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှစက်ချုပ်နည်းပညာအခြေခံနှင့် အဆင့်မြင့်သင်တန်းဖွင့်လှစ်

ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှစက်ချုပ်နည်းပညာအခြေခံနှင့် အဆင့်မြင့်သင်တန်းဖွင့်လှစ်

 

မန္တလေး၊ဖေဖော်ဝါရီ ၆ ။                ။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စက်ချုပ်နည်းပညာအခြေခံနှင့် အဆင့်မြင့်သင်တန်းကို အမျိုးသမီးရေးရာကော်မတီ၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၆ ရက်၊နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းကို အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းကျောင်းတွင် နှစ်လကြာ ဖွင့်လှစ်သင်ကြားပေးသွား မည် ဖြစ်ကြောင်း သိရသည်။

"သင်တန်းကာလက နှစ်လပေါ့။တစ်ချို့တွေဖွင့်နေတာတော့ တစ်လပေါ့။တစ်လကတော့ အခြေခံကတော့ ရပြီလေ။ သူတို့တွေတကယ်လုပ်ကိုင်ဖို့အတွက် စက်ချုပ်ဆိုင်လေး ပရော်ဖက်ရှင်နယ် လုပ်ကိုင်ဖို့အတွက် ကတော့ နောက်ထပ်တစ်လလောက်တိုးလိုက်ပြီးတော့မှ အဆင့်မြှင့်ရှပ်အင်္ကျ ီတို့ခေတ်မီ မိန်းမဝတ်လေးတွေတို့ အဲဒါတွေ ဆက်သင်ကြားပေးဖို့အတွက် နှစ်လပေါ့။စက်ချုပ်တယ်ဆိုတာ အခန်းကျဉ်းကျဉ်းလေးနဲ့ စားပွဲခုံတစ်ခု ရှိရင်အဆင်ပြေတယ်။ ဒီသင်တန်းပြီးလို့ ဆိုင်ဖွင့်ရင် မိသားစုတစ်ဖက်တစ်လမ်းက ဝင်ငွေရလာနိုင်တယ်။" ဟု ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ ကျောင်းအုပ်ကြီးဒေါ်တင်တင်က ပြောသည်။

အဆိုပါ အခြေခံနှင့်အဆင့်မြင့်သင်တန်းသို့ သင်တန်းသူ ၂၅ ဦးတက်သင်ကြားလျှက်ရှိကြောင်းသိရသည်။

ဆောင်းဒါးရက်ကန်းကျောင်းအနေဖြင့် ယခင်ကရက်ကန်းပညာတစ်မျိုးသာသင်ကြားပေးခဲ့ပြီး ယခုအခါ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံဟု ဖွင့်လှစ်ကာ ရက်ကန်းပညာအပြင်   မော်တော်ဆိုင်ကယ်ပြင် ပညာသင်တန်း၊ဝါး၊ကြိမ် ရက်လုပ်ခြင်းသင်တန်းစသည်တို့ပါ သင်ကြားပေးလျှက်ရှိသည်ဟု ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ ကျောင်းအုပ်ကြီးဒေါ်တင်တင်က   ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly