မော်လ်ဒိုက်အစိုးရက နိုင်ငံတွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ

မော်လ်ဒိုက်အစိုးရက နိုင်ငံတွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ

ဖေဖော်ဝါရီ ၆ ။          ။ နိုင်ငံရေးအကျပ်အတည်းအောက် ကျရောက်နေလျက်ရှိသည့် မော်လ်ဒိုက်တွင် အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်၌ အစိုးရက ကြေညာသွားသည်။

အဆိုပါ အိန္ဒိယသမုဒ္ဒရာကျွန်းနိုင်ငံတွင် ပေါ်ပေါက်နေလျက်ရှိသည့် နိုင်ငံရေး အကျပ်အတည်းမှာ ယခုအခါ ပိုမို နက်ရှိုင်းသထက် နက်ရှိုင်းလာနေခဲ့ပြီဖြစ်ကာ သမ္မတနှင့် တရားလွှတ်တော်ချုပ်တို့အကြား တင်းမာမှု လိပ်ခဲတည်းလည်းအခြေအနေများ ပိုမိုအရှိန်မြင့် ရှုပ်ထွေးလာခဲ့ပြီ ဖြစ်သည်။

ယင်းကဲ့သို့ နိုင်ငံတွင် အရေးပေါ် အခြေအနေ ကြေညာချက်ထွက်ပြီး နာရီပိုင်းအကြာတွင် တရားလွှတ်တော်ချုပ်၏ တရားသူကြီးချုပ်ကိုလည်း ရဲက လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

မော်လ်ဒိုက် တရားလွှတ်တော်ချုပ်မှ တရားသူကြီးချုပ် အဗ္ဗဒူလာ ဆာအိဒ် နှင့်အခြားတရားသူကြီး အလီ ဟာမိဒ် တို့အား ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတွင် အကျဉ်းကျခံနေရသည့် အတိုက်အခံ နိုင်ငံရေးသမားများကို ပြန်လွှတ်ပေးရန် ပြီးခဲ့သည့်အပတ်က မော်လ်ဒိုက် တရားလွှတ်တော်ချုပ်က အံ့အားသင့်ဖွယ် အမိန့်ပေးညွှန်ကြားလိုက်ပြီးနောက် နိုင်ငံရေးတင်းမာမှုများ မြင့်တက်လာနေခဲ့ခြင်း ဖြစ်သည်။

ယင်းညွန်ကြားချက်ကို လိုက်နာမည်မဟုတ်ကြောင်း သမ္မတ အဗ္ဗဒူလာ ယာမင်က ဒေါသတကြီး တုန့်ပြန်သွားခဲ့ပြီး မြို့တော်တွင်း လမ်းများပေါ်သို့ အတိုက်အခံ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။ အလားတူ လွှတ်တော်အမတ်များ အစည်းအဝေးမလုပ်နိုင်ရန် ပါလီမန်အဆောက်အအုံကို စစ်တပ်က ပိတ်ထားလိုက်သည်။

သမ္မတ ယာမင်၏ အဓိက ပြိုင်ဘက် ယခင်သမ္မတဟောင်း မိုဟာမက် နာရှိဒ်ကတော့ ဥပဒေနှင့်မညီတဲ့ အမိန့်အာဏာကို မလိုက်နာကြဖို့  ပြည်သူများကို တိုက်တွန်းလျက်ရှိသည်။

ယခုကဲ့သို့ အခြေအနေအတွင် တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်အမိန့်ပေါ် လေးစားလိုက်နာပေးရန် မော်လ်ဒိုက်အစိုးရအား တိုက်တွန်းကြောင်း ကုလသမဂ္ဂ နှင့် ပြည်ပနိုင်ငံအများအပြားက တိုက်တွန်းထားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly