သီရိလင်္ကာတွင် အဂတိလိုက်စားမှု အမြစ်ပြတ်ရေး နှိုးဆော်ချက်ဖြင့် လွတ်လပ်ရေး နှစ် ရ၀ ပြည့်အခမ်းအနား ကျင်းပ

သီရိလင်္ကာတွင် အဂတိလိုက်စားမှု အမြစ်ပြတ်ရေး နှိုးဆော်ချက်ဖြင့် လွတ်လပ်ရေး နှစ် ရ၀ ပြည့်အခမ်းအနား ကျင်းပ

 

ကိုဆိုဗို၊ ဖေဖော်ဝါရီ ၅ ။         ။ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး လက်အောက်မှ သီရိလင်္ကာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် နှစ် ၇၀ ပြည့််အခမ်းအနားတွင် သမ္မတ မိတ်သာရီပါလာသီရိဆီနာက ဖေဖော်ဝါရီ ၄ ရက်တွင် မိန့်ခွန်းပြောကြားရာ၌ အကျင့်ပျက်ခြစားမှု အမြစ်ပြတ်ရေးကို ဆော်သြ ပြောဆိုခဲ့သည်။

ယနေ့ခေတ် သီရိလင်္ကာတွင် မျိုးချစ်ဝါဒသည် ရိုးသားခြင်း ရှိနေရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“နိုင်ငံမှာ လိုအပ်ချက်ဟာ အကျင့်ပျက်ခြစားမှုနဲ့ အတုအယောင်တွေ ပပျောက်သွားဖို့ပဲ ဖြစ်တယ်။”ဟု သမ္မတ သီရိဆီနာက ဆိုသည်။

သုံးနှစ်မြောက် သမ္မတ လုပ်သက် ပြည့်ခဲ့ပြီးဖြစ်သော ၎င်းက အကျင့်ပျက်ခြစားရေး တိုက်ဖျက်ရေးအတွက် စိန်ခေါ်မှုဖြစ်နေသော ခေတ်မမီတော့သည့် ဥပဒေများကို   ပြင်ဆင်ရေးအတွက်လည်း ဆော်သြပြောဆိုသည်။

ယခု လွတ်လပ်ရေးအခမ်းအနားကို ကိုလံဘိုတွင် စစ်ရေးပြချီတက်ခြင်းအပါအဝင် ကျင်းပသည့်အခမ်းအနားသို့ ဗြိတိန်မင်းသား အက်ဝပ်နှင့် ကြင်ယာတော် ဆိုဖီတို့က ဂုဏ်ပြုခံဧည့်သည်တော်များအဖြစ် တက်ရောက်ကြသည်။

သီရိဆီနာသည် ၎င်း၏ ယခင်သမ္မတ မဟိန္ဒြာရာဂျာပတ်စာ လက်ထက်တွင် ပျံ့နှံ့ဖြစ်တည်နေသော အကျင့်ပျက်ခြစားမှုများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် နိုင်ငံရေးပုံဆောင်ခဲကို အသွင်ပြောင်းလဲရေး ကတိစကားတို့ဖြင့် ရာထူတက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သုံးနှစ်တာ ကာလပြည့်ပြီးသော်လည်း ၎င်း၏ ကတိစကားများ အကောင်အထည်ဖော်နိုင်မှုမှာ သောင်မတင်ရေမကျ အခြေအနေတွင်သာ ရှိနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly