မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းကလေးများအတွက် ၀ှီးချဲများ လှူဒါန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းကလေးများအတွက် ၀ှီးချဲများ လှူဒါန်း

 

 

မကွေး၊  ဖေဖော်ဝါရီ ၅ ရက် ။               ။ မကွေးတိုင်းဒေသကြီးအတွင်း အသက် ၃နှစ်မှ ၈နှစ် အတွင်း မသန်စွမ်းကလေးများ အတွက် နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်တွင် Wheel Chair များ လှူဒါန်းလျှက် ရှိကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုကို နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ ဒေါ်နွဲ့နွဲ့အေးသည် ကိုရီးယားနိုင်ငံမှ မသန်စွမ်းသူများ၊ ကလေးသူငယ်များအား လှူဒါန်း ထောက်ပံ့သည့် အဖွဲ့နှင့် ချိတ်ဆက်၍ ၂၀၁၆ ခုနှစ် မှ စတင်၍ မသန်စွမ်းကလေးငယ် များအား Wheel Chair များ လှူဒါန်းလျှက်ရှိကြောင်း ဒေါ်နွဲ့နွဲ့အေးက ပြောသည်။

နတ်မောက်မြို့နယ် အတွင်း ၂၀၁၆ခုနှစ်မှစ၍ ၂၀၁၇ခုနှစ် နိုဝင်ဘာလအတွင်း ကလေးငယ်(၁၇)ဦးထိ လှူဒါန်းပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၇ခုနှစ် ဇန်နဝါရီလမှ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့ထိ တောင်တွင်းကြီး၊ မကွေး၊ နတ်မောက်မြို့နယ်တို့မှ မသန်စွမ်းကလေး(၂၇)ဦးအား လှူဒါန်းပြီးဖြစ်ကြောင်း၊ ထပ်မံ၍ တွန်းလှည်း (၆၄) စီးရောက်ရှိနေပြီဖြစ်ကြောင်း၊လိုအပ်နေသော ကလေးသူငယ်များရှိပါက ဖုန်းနံပါတ် 09789262396 သို့ ဆက်သွယ်၍ထုတ်ယူ နိုင်ပါကြောင်း သိရသည်။

ဝှီးချဲအမှန်တကယ် လိုအပ်ပါက လိုအပ်သူများသည် ကလေးနှင့် တွန်းလှည်းဓာတ်ပုံများကို အထောက်အထား ပြန်လည်တင်ပြရပြီး မသန်စွမ်းကလေးကိုပါ တစ်ပါတည်း ခေါ်လာဖို့ လိုအပ်ကြောင်း၊ အခြားစာရွက်စာတမ်း အထောက်အထား မလိုအပ်ကြောင်း သိရသည်။

“ အတိတ်ကံကြောင့်ဖြစ်လာခဲ့ရတဲ့ သားသမီးတွေရဲ့ခန္ဓာကိုယ်ချွတ်ယွင်းအားနည်းမှုကို အစွမ်းရှိသလောက် အားဖြည့်ပေးချင်တဲ့ မိဘတွေရဲ့ ဆန္ဒကို တစ်စိတ်တစ်ပိုင်း ဖြည့်ပေးတဲ့ အနေနဲ့ပေါ့။ ကျွန်မက ပရဟိတလုပ်ရ တာ ဝါသနာပါတဲ့အတွက် ကိုရီးယားနိုင်ငံက ပရဟိတအဖွဲ့နဲ့ ချိတ်ဆက် ဆောင်ရွက်ဖြစ်တာပါ” ဟု ဆရာမ ဒေါ်နွဲ့နွဲ့အေးက မဇ္ဈိမသို့ ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly