မန်စီးတီးအသင်း၏ တိုးတက်နေမှုကို ပြိုင်ဘက်များအား ပယ်လီဂရီနီသတိပေး

မန်စီးတီးအသင်း၏ တိုးတက်နေမှုကို ပြိုင်ဘက်များအား ပယ်လီဂရီနီသတိပေး

သြဂုတ် ၂၄၊ မန်ချက်စတာ ။      ။ အမှတ်ပေးဇယားထိပ်ဆုံး သို့ရောက်နေသော မန်စီးတီးအသင်း၏ခြေစွမ်း မှာနေ့စဉ်တိုးတက်နေသည်ဟု ပရီးမီးယားလိဂ်ပြိုင်ဘက်များကို မန်စီးတီးနည်းပြ ပယ်လီဂရီနီက သတိပေးလိုက်သည်။

ပယ်လီဂရီနီ၏မန်စီးတီးအသင်းသည် တနင်္ဂနွေတွင် အဲဗာတန်ကိုအဝေးကွင်း၌အနိုင်ရပြီးနောက် ကိုးပွဲဆက်အနိုင်ရသည့်အသင်း၏စံချိန်နှင့် ပြန်လည်တူညီခဲ့သကဲ့သို့ အကောင်းဆုံးစတင်မှုအဖြစ် အမှတ်ပေးဇယားကို နှစ်မှတ်ဖြတ်ဦးဆောင်ထားရာ ကစားသမားများအနေဖြင့် ယင်း ထက်ပိုမိုစွမ်းဆောင်ချင်နေသေးသည်ဟု ပယ်လီဂရီနီက ပြောသည်။

"ဟုတ်တယ်၊ ကျွန်တော်ဒီလိုပဲထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နေ့တိုင်းကြိုးစားနေတာကို မြင်နေရလို့ပါ။ ဒါကသိပ်အရေးကြီးတယ်။ မင်းတို့ကစားတာသိပ်ကောင်းပြီး သက်သောင့်သက်သာရှိ လွန်းတယ်လို့ လူတိုင်းကပြောကြတယ်။ ဒါပေမဲ့ ကစားသမားတွေနေ့တိုင်းတိုးတက် လာနေတာကို ကျွန်တော်တွေ့နေသေးတယ်။

သြဂုတ်လထဲမှာ နောက်ကျပြီးမှပြန်ရောက်လာတဲ့ကစားသမားအများစုဟာ သူတို့ရဲ့ရာသီကြိုပွဲ တွေကို အဆုံးသတ်လိုက်ပြီး နောက်ပွဲတွေမှာအနိုင်ယူမယ်ဆိုတဲ့ စိတ်ဓါတ်ကောင်းရှိနေကြပြီ"ဟု ပယ်လီဂရီနီက ပြောသည်။

ဧပြီ ၁၂ မန်ချက်စတာဒါဘီတွင်ရှုံးနိမ့်ပြီးနောက်ပိုင်း ကိုးပွဲဆက်အနိုင်ရအောင်စွမ်းဆောင်ခဲ့သည့် မန်စီးတီးအသင်းသားများအတွက်လည်း ပယ်လီဂရီနီက ဂုဏ်ယူနေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly