လေ့ကျင့်ရေးပျက်ကွက်ခဲ့၍ မာရက်ဇ် ဒဏ်ရိုက်ခံရဖွယ်ရှိ

လေ့ကျင့်ရေးပျက်ကွက်ခဲ့၍ မာရက်ဇ် ဒဏ်ရိုက်ခံရဖွယ်ရှိ

 

ဖေဖော်ဝါရီ ၂၊ လက်စတာ။              ။ မာရက်ဇ်သည် ကြာသပတေးနေ့လေ့ကျင့်ခန်းအစီအစဉ်ကို ခွင့်မတိုင်ဘဲပျက်ကွက်ခဲ့၍ စနေနေ့တွင် ဆွမ်ဆီးအသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ချန်လှပ်ခံရဖွယ်ရှိနေသည်။

အယ်လ်ဂျီးရီးယားကစားသမားသည် သုံးရက်မြောက်အဖြစ်ခွင့်မတိုင်ဘဲပျက်ကွက်ခဲ့ခြင်းဖြစ်ရာ ပေါင် နှစ်သိန်းဒဏ်ရိုက်ခံရမည့် အရေးနှင့်လည်းရင်ဆိုင်နေရသည်။

မာရက်ဇ်သည် မန်စီးတီးအသင်းသို့ပြောင်းရွှေ့ချင်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့သောကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရ သည်ဟု လက်စတာအသင်းကိုအသိပေးထားသည်။

အသက် ၂၆ နှစ်အရွယ်ကစားသမားအနေဖြင့် ကြာသပတေးနေ့က လေ့ကျင့်ခန်းဆင်းရမည်ဖြစ်သော်လည်း ရှောင်နေခဲ့သည်။ ၎င်းကို အင်္ဂါနေ့တွင်လည်းတွေ့မြင်ခဲ့ရခြင်းမရှိဘဲ ဗုဒ္ဓဟူးနေ့ အဲဗာတန်နှင့်ပွဲကစားရန်လည်း အသင်းနှင့်အတူသွားခဲ့ခြင်းမရှိပေ။

ယင်းသို့သော်အခြေအနေများကြောင့် မာရက်ဇ်အနေဖြင့် အမြင့်ဆုံးနှစ်ပတ်လုပ်ခ ပေါင် နှစ်သိန်းခန့် ဒဏ်ရိုက်ခံရဖွယ်ရှိနေခြင်း ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags