ကျူးဘားသမ္မတဟောင်း ဖီဒယ်ကတ်စ်ထရို၏ သားဖြစ်သူ မိမိကိုယ်မိမိအဆုံးစီရင်

ကျူးဘားသမ္မတဟောင်း ဖီဒယ်ကတ်စ်ထရို၏ သားဖြစ်သူ မိမိကိုယ်မိမိအဆုံးစီရင်

 

ဟာဗားနား၊ ကျူးဘား၊ ဖေဖေါ်ဝါရီ ၂ ။                ။ ကွယ်လွန်သူ ကျူးဘားသမ္မတဟောင်း ဖီဒယ်လ်ကတ်စ်ထရို၏ အကြီးဆုံးသားဖြစ်သူသည် စိတ်ကျရောဂါ ဝေဒနာအား လပေါင်းများစွာကြာအောင် ကုသမှုခံယူနေခဲ့ပြီးနောက် ကြာသာပတေးနေ့က မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ကြောင်း ကျူးဘားနိုင်ငံပိုင်သတင်းဌာနက သတင်းတင်ပြခဲ့သည်။

နိုင်ငံပိုင်သတင်းမီဒီယာ၏အဆိုအရ ဖီဒယ်လ်ကတ်စ်ထရို ဒိုင်ယက်ဇ်ဘယ်လာ့တ်သည် စိတ်ကျရောဂါကို အလွန်အမင်းခံစားနေခဲ့ရပြီး ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ရှိပြီဟု သိရသည်။

သူသည် ကနဦးက ဆေးရုံ၌အချိန်အတော်ကြာ ကုသမှုခံယူခဲ့ရပြီး နောက်ပိုင်းတွင် ပြင်ပလူနာအဖြစ် ကုသမှု ခံယူခဲ့ကြောင်း နိုင်ငံပိုင်သတင်းရုပ်သံက သတင်းတင်ပြခဲ့သည်။

ကျူးဘားခေါင်းဆောင်ဟောင်းကြီး၏ သားကြီးဖြစ်သူသည် သူ၏ဖခင်ဖြစ်သူနှင့် အလွန်တူသောကြောင့် သူ့အား နာမည်ပြောင်အဖြစ် ဖီဒယ်လ်လီတို ( ဖီဒယ်လ်အငယ်စားလေး) ဟု အများက နောက်ပြောင်ခေါ်ဝေါ်ကြသည်။

ကတ်စ်ထရိုဒိုင်ယက်ဇ်ဘယ်လာ့တ်သည် ကျူးဘားနိုင်ငံတော်ကောင်စီ၏ သိပ္ပံပညာရပ်ဆိုင်ရာ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကျူးဘားသိပ္ပံအကယ်ဒမီ၏ ဒုတိယကျောင်းအုပ်အဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly