ဟောင်ကောင်တွင် တွေ့ရှိသည့် ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးကြီးတစ်လုံးကို စနက်တံဖြုတ် ရှင်းလင်း

ဟောင်ကောင်တွင် တွေ့ရှိသည့် ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးကြီးတစ်လုံးကို စနက်တံဖြုတ် ရှင်းလင်း

ဖေဖော်ဝါရီ ၁ ။          ။ ဟောင်ကောင်မှာ တွေ့ရှိခဲ့တဲ့ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးတစ်လုံးကို ဖေဖော်ဝါရီ ၁ ရက်က စနက်တံဖြုတ်ရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့ရကြောင်း သိရပါတယ်။

အဆိုပါ စစ်ကျန်ဗုံး ရှင်းလင်းချိန်မှာ ဟောင်ကောင်ရှိ အဆိုပါ လူစည်ကားရာ အရပ်နေ ပြည်သူ ထောင်နဲ့ချီကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး လမ်းတွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။

ဝမ်ချိုင်ဒေသမှာ ရှိတဲ့ ဆောက်လုပ်ရေး ဆိုဒ်တစ်ခုကနေ တစ်ပတ်အတွင်းမှာပဲ ဒုတိယအကြိမ်မြောက် ယခုလို စစ်ကျန်ဗုံးတွေ့ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးကို ဆောက်လုပ်ရေးလုပ်သားတစ်ဦးက တွေ့ရှိခဲ့ပြီးနောက်မှာတော့ ရဲတွေက ယင်းဧရိယာကို ချိတ်ပိတ်ထားလိုက်ပြီး အနီးအနားနေ လူပေါင်း ၄,၀၀၀ ကို ဘေးကင်းရာ အရပ်ကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

" ဗုံးရှင်းအဖွဲ့ လုပ်ရတဲ့အလုပ်က ညစ်ပတ်ပေရေလှသလို၊ ခက်ခဲအနုစိတ်ပြီး အလွန်တရာ အန္တရာယ်များလှပါတယ်" ဆိုပြီး အဖွဲ့ခေါင်းဆောင် အလစ်ခ် မက်ဝါတာက ပြောပါတယ်။

ယင်း ဗုံးအတွင်းပိုင်းက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ရှင်းလင်းဖို့အတွက် ကျွမ်းကျင်သူတွေက ဗုံးအခွန်မှာအပေါက်ကြီးတစ်ခု ဖြတ်တောက် ဖောက်ပြီး ရှင်းလင်းခဲ့ရပါတယ်။ ယင်းနောက် အဆိုပါ ဗုံးကို မြေပြင်ပေါ်ကို ဆွဲတင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဒေသက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ယခင်ကလည်း မကြာခဏဆိုသလိုပဲ ယခုလိုမျိုး မပေါက်ကွဲသေးတဲ့ ဗုံးတွေ၊ လက်ပစ်ဗုံးတွေကို တွေ့ရှိထားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags