ချယ်လ်ဆီးအသင်းရှုံးသည်ကို လူအများသဘောကျ ဟုမော်ရင်ဟိုပြောဆို

ချယ်လ်ဆီးအသင်းရှုံးသည်ကို လူအများသဘောကျ ဟုမော်ရင်ဟိုပြောဆို

သြဂုတ် ၂၄၊ လန်ဒန် ။     ။ ချယ်လ်ဆီးအသင်း၏ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲမှာ အသင်းကိုရှုံးစေချင်နေ သည့်လူအများကို စိတ်ပျက်စေလိမ့်မည်ဟု ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းသည် ဝက်စ်ဘရွန်းကို ၃-၂ ဖြင့်နိုင်သည့်ပွဲတွင် အသင်းခေါင်းဆောင်တယ်ရီ ထုတ်ပယ်ခံခဲ့ရသည်။ သို့သော် ဘာစီလိုနာ မှပေါင် ၂၁ သန်းဖြင့်ပြောင်းလာသည့် ပက်ဒရိုသည် ပွဲဦးထွက် တွင် ချယ်လ်ဆီးအသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

"ကျွန်တော်ဘာမှ မမြင်လို မပြောလိုပါဘူး"ဟု တယ်ရီ၏အနီကတ်ပြစ်ဒဏ်နှင့်ပတ်သက်ပြီး မော်ရင်ဟိုကပြောသည့်အပြင် "ဒီရလဒ်အပေါ် လူတော်တော်များများစိတ်ပျက်နေလိမ့်မယ်။ သူတို့က ချယ်လ်ဆီး ရှုံးတာကို သဘောကျကြတယ်"ဟု ဆက်လက်ပြောဆိုသည်။

ယင်းနိုင်ပွဲမှာ ၁၇ နှစ်နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်သော ပရီးမီးယားလိဂ်ရာသီအစနှစ်ပွဲဆက် နိုင်ပွဲပျောက်မှုကိုလည်း ရပ်တန့်သွားစေခဲ့ သည်။

သို့သော် အဖွင့်ပွဲတွင်ဆွမ်ဆီးနှင့်သရေကျခဲ့ရာ၌ ဂိုးသမား ကော်တွိုက်ထုတ်ခံရပြီး ဒုတိယပွဲတွင် မန်စီးတီးကိုဂိုးပြတ်ရှုံးခဲ့ကာ ဝက်စ်ဘရွန်းကို ကပ်နိုင်သည့်နောက်ဆုံးပွဲ၌လည်း ပွဲချိန် ၅၄ မိနစ်တွင် ဝက်စ်ဘရွန်းတိုက်စစ်မှူး ရွန်ဒွန်ကိုဆွဲလှဲခဲ့သည့် တယ်ရီထုတ်ပယ်ခံခဲ့ရသည်။

ထုတ်ပယ်ခံခဲ့ရသည့် အသက် ၃၄ နှစ်အရွယ် တယ်ရီကိုအပြစ်ပြောရန် မော်ရင်ဟိုကငြင်းဆန်ခဲ့ပြီး အသင်းအနေဖြင့် ဒိုင်လူကြီး မာ့ခ်ကလန်တန်ဘတ်၏ဆုံးဖြတ်ချက်ကိုလည်း အယူခံဝင်ဖွယ်မရှိဟု ဆိုသည်။

"ကျွန်တော်တို့လုပ်သင့်တယ်လို့ထင်ပေမယ့် ပုံမှန်အားဖြင့်တော့ဒါဟာ အချိန်ဖြုန်းတာပါပဲ။ တယ်ရီကိုအပြစ်မတင်ပါဘူး။ ဘောလုံးက နောက် တန်းကစားသမားရဲ့နောက်မှာရောက်နေရင် သူဟာ ဖိအားပေးရမှာဖြစ်ပြီး တိုက်စစ်မှူးကလည်း လှုပ်ရှားမှာပါပဲ။ ပြီးတော့ ဒိုင်က အနီကတ် အဖြစ်ဆုံးဖြတ်ခဲ့ပါတယ်"ဟု မော်ရင်ဟိုက ဆိုသည်။

ပထမဆုံးနိုင်ပွဲအတွက်လည်း မော်ရင်ဟိုက ကစားသမားများအတွက်ထိုက်တန်သည့်နိုင်ပွဲဖြစ်၍ ဝမ်းသာကြောင်း၊ ရာသီအစကတည်းက ပျော်ခဲ့ရလျှင် အေးဆေးဖြစ်နေမည်ဖြစ်ကြောင်း၊ အသင်းစွမ်းဆောင် ရည်မှာ မကောင်းလွန်း၊ မဆိုးလွန်းသော်လည်း သုံးပွဲတွင် လေးမှတ်ရခြင်း မှာ မလုံလောက်ကြောင်း၊ အသင်းအနေဖြင့်များစွာတိုက်ပွဲဝင်ရမည်ဖြစ်သော်လည်း ယခုပွဲကိုအနိုင်ရ ခဲ့ကြောင်း ဖြည့်စွက်ပြော ဆိုခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly