အထွဋ်အထိပ် ရောက်နေသည့် စိန့်မြစ်ရေ တိုးမှုကြောင့် ပြင်သစ်တွင် သတိပေးချက် အမြင့်ဆုံး ဆက်ထုတ်ထား

အထွဋ်အထိပ် ရောက်နေသည့် စိန့်မြစ်ရေ တိုးမှုကြောင့် ပြင်သစ်တွင် သတိပေးချက် အမြင့်ဆုံး ဆက်ထုတ်ထား

ပါရီ၊ ဇန်ဝါရီ ၂၉ ။          ။ ပါရီမြို့တစ်လျှောက် စီးဆင်းသော စိန့်မြစ်ရေသည် ဇန်နဝါရီ ၂၉ ရက်တွင် ၅ ဒဿမ ၈၄ မီတာအထိ မြင့်တက်လျက်ရှိပြီး ခန့်မှန်းအမြင့်ဆုံးမှတ်အထိ မြစ်ရေတိုးခြင်းဖြစ်နေရာ   ပြင်သစ်တွင် အဝါရောင်အဆင့် သတိပေးချက် ထုတ်ထားရသည်။

မြို့တော် ပါရီတွင် ဇန်နဝါရီ ၂၈ ရက် ညနေပိုင်း သတင်းဓာတ်ပုံ သွားရောက်ယူသည့် အီးပီအေသတင်းထောက်အရ အယ်မာတံတားရှိ Zouave ရုပ်တု အောက်ခြေအထိ မြစ်ရေရောက်ရှိနေကြောင်း သိရသည်။

မိုးရွာသွန်းမှုကြောင့် မြစ်ရေတိုးကာ မြစ်ကမ်း ကျိုးပေါက်မှုအထိ ဖြစ်ရသည်။

လာမည့်ရက်များအတွင်း မြစ်ရေတစ်ဖြည်းဖြည်း ကျဆင်းရေးအတွက် အာဏာပိုင်များက ပြင်ဆင်ဆောင်ရွက်လျက် ရှိနေစဉ် မြစ်နှင့် မျဉ်းပြိုင်ရှိသော ကားလမ်းများနှင့် အချို့သော ရထားဘူတာရုံများကို ပိတ်ထားသည်။

သီတင်းတစ်ပတ် အနည်းဆုံး မကုန်မချင်း မြစ်ရေက ပုံမှန်သို့ ပြန်ရောက်ရှိနိုင်ဖွယ် မရှိပေ။ သတိပေးချက်များတွင် ဒုတိယအမြင့်ဆုံး အဆင့်ဖြစ်သည့် အဝါရောင်သတိပေးချက် ထုတ်ထားသော်လည်း အထက်မြစ်ဝှမ်းတွင် အခြေအနေ ကောင်းမွန်လာလျက် ရှိနေပြီဖြစ်သည်။

မြစ်ကမ်းပါးနှင့် နီးသော အရပ်ရှိ အိမ်ခြေများမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားသူပေါင်းက ၁၅၀၀ နီးပါး ရှိနေပြီး အိမ်ထောင်စု တော်တော်များများ လျှပ်စစ်မီး ပြတ်တောက်နေသည်။

၂၀၁၆ ခုနှစ်အတွင်းက စိန့်မြစ်ရေသည် အမြင့်ဆုံး ၆ ဒဿမ ၁ မီတာအထိ မြင့်တက်ခဲ့ဖူးကာ လူနှစ်ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly