ဗီယက်နမ်ယူ-၂၃ အသင်းကို ပရိသတ်ထောင်ပေါင်းများစွာ ကြိုဆို

ဗီယက်နမ်ယူ-၂၃ အသင်းကို ပရိသတ်ထောင်ပေါင်းများစွာ ကြိုဆို

 

၂၀၁၈ အာရှယူ-၂၃ ပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ဗီယက်နမ်ယူ-၂၃ အသင်းကို ဗီယက်နမ်ပရိသတ်ထောင်ပေါင်းများစွာက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။

ဗီယက်နမ်ယူ-၂၃ အသင်းဟာ အာရှထိပ်သီးအသင်းတွေဖြစ်တဲ့ သြစတြေးလျ၊ ဆီးရီးယား၊ အီရတ်၊ ကာတာ စတဲ့အသင်းတွေကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာလည်း ဥဇဘတ်ကစ္စတန်အသင်းကို နောက်ဆုံးပွဲပြီးခါနီးအချိန်အထိ တစ်ဂိုးစီသရေကျအောင် ကစားနိုင်ခဲ့တာပါ။ ဒါပေမဲ့ အချိန်ပို နောက်ဆုံးမိနစ်မှာမှ အနိုင်ဂိုးပေးခဲ့ရပြီး ချန်ပီယံဆုနဲ့လွဲချော်သွားရတာ ဖြစ်ပါတယ်။

ဗီယက်နမ်အသင်းဟာ ဒီပြိုင်ပွဲမှာ အသန့်ရှင်းဆုံးအသင်းဆုကိုလည်း ရရှိခဲ့ပါတယ်။

ဗီယက်နမ်ဘောလုံးသမိုင်းမှာ ပထမဆုံး အာရှအဆင့်အောင်မြင်မှုဖြစ်လို့ ဗီယက်နမ်တစ်တိုင်းပြည်လုံးက သူတို့လူငယ်ကစားသမားတွေအတွက် ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။

အာရှယူ-၂၃ ပြိုင်ပွဲဗိုလ်လုပွဲမှာ ဥဇဘတ်ကစ္စတန်အသင်းက ပထမ၊ ဗီယက်နမ်က ဒုတိယ၊ ကာတာက တတိယ၊ တောင်ကိုရီးယားအသင်းက စတုတ္ထရခဲ့ပါတယ်။

၂၀၁၈ အာရှယူ-၂၃ ပြိုင်ပွဲကို အရှေ့တောင်အာရှမှ ထိုင်း၊ ဗီယက်နမ်နဲ့ မလေးရှားတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းကအုပ်စုပွဲစဉ် ၃ ပွဲစလုံးရှုံးခဲ့ပြီး ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။မလေးရှားကတော့ ကွာတားမှာ တောင်ကိုရီးယားကို ၂-၁ နဲ့ရှုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly