အငြင်းပွားမှု ဥပဒေတွင် နိုင်ငံ့ဝန်ထမ်းများ ပါ၀င်သော်လည်း အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေဆဲဟု ဆို

အငြင်းပွားမှု ဥပဒေတွင် နိုင်ငံ့ဝန်ထမ်းများ ပါ၀င်သော်လည်း အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေဆဲဟု ဆို

ရန်ကုန် ဇန်နဝါရီ ၂၈ ။             ။ နိုင်ငံဝန်ထမ်းများအနေဖြင့် အလုပ်သမား အခွင့်အရေးဆုံးရှုံးနစ်နာမှုများရှိနေပြီး၊ နိုင်ငံ့ဝန် ထမ်းဥပဒေအတိုင်း လည်း ခံစားခွင့်မရှိဟု မင်္ဂလာ တောင်ညွန့်မြို့နယ်၊ မြန်မာ့မီးရထားအလုပ်သမား အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းညွန့်က ပြောသည်။

" ဝန်ထမ်းတစ်ယောက်က ဆုပေးတဲ့အခါကျရင် မရဘူး၊ ဒဏ်ပေးတဲ့အခါကျရင် သေချာပေါက်ရမလို ဖြစ်သွား တယ်၊ သူရဲ့ရပိုင်ခွင့်က တစ်ဖက်သက် ဖြစ်နေတယ်၊ တစ်ကယ်တမ်းဆို ဝန်ထမ်းစည်းမျဉ်း စည်းကမ်းဥပဒေ အရဆိုရင် ဝန်ထမ်းတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ အကုန်ရရမယ်၊ သူ့ကို အပြစ်ပေးရင်လည်း အဲဒီအထဲက အတိုင်း ခံရမယ်၊ တစ်ကယ့် တစ်ကယ်ကျတော့ ခံပဲခံနေရတာများတယ်" ဟု မင်္ဂလာတောင်ညွန့် မြို့နယ်၊ မြန်မာ့မီးရထားအလုပ် သမားအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းညွန့်က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန် မြို့၊ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သော အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း၌ နိုင်ငံ့ဝန်ထမ်းနှင့် အလုပ်သမားအဖွဲ့အစည်းများ ပါဝင်ရေး သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် အလုပ်သမားအငြင်းပွားမှုဥပဒေတွင် ပုဒ်မ (၂) ပုဒ်မခွဲ (ဍ) အရ အလုပ်ရှင် သို့ မဟုတ် အလုပ်ရှင် အဖွဲ့အစည်းနှင့် အလုပ်သမားဝန်ထမ်းတို့အကြား  အလုပ်ခန့်ထားခြင်း၊ အလုပ် လုပ်ကိုင်ခြင်း၊ အလုပ် ရပ်စဲခြင်း တို့ အပါအဝင် ပင်စင်၊ လုပ်သက်ကြေး၊ အချိန်ပိုကြေး၊ ထိခိုက်မှုနစ်နာကြေားအပါအဝင် အလုပ်သမားများ ရပိုင်ခွင့်ရှိသော ကိစ္စရပ်များအား အငြင်းပွားခြင်းအား ဆိုလိုသည်။

အဆိုပါ ဥပဒေတွင် ပြင်ပအလုပ်သမားများသာမက နိုင်ငံ့ဝန်ထမ်းများ ပါဝင်သော်လည်း လက်တွေ့ တွင် ဖြေရှင်းပေးခြင်းမရှိဟု မြန်မာနိုင်ငံမီးရထား အလုပ်သမားသမဂ္ဂ၏ ယာယီဥက္ကဋ္ဌ ဦးမျိုးချစ်က ပြောသည်။

"အငြင်းပွားမှုဥပဒေတွေမှာ အစိုးရဝန်ထမ်းတွေ ပါ ဝင်ခွင့်ရှိတယ်၊ နိုင်ငံတော်က တရားဝင်ထုတ်ပြန် ထားတဲ့ဥပဒေမှာ ပါပါတယ်၊သို့သော်လည်း အငြင်း ပွားမှုဖြေရှင်းရေးမှာတော့ မပါပါဘူး၊ ကျွန်တော် ကိုယ်တိုင် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေး မြို့နယ်အဆင့်မှာ ပါပါတယ်၊ သို့သော်လည်း နိုင်ငံ့ ဝန်ထမ်းတွေအတွက် ဖြေရှင်းပေးတာ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံ့ဝန်ထမ်းတွေ အတွက် ဖြေရှင်းဖို့ကတော့ အခုထက်ထိ ငြင်းဆန် တုန်းရှိပါသေးတယ်" မြန်မာနိုင်ငံမီးရထား အလုပ် သမားသမဂ္ဂ၏ ယာယီဥက္ကဋ္ဌ ဦးမျိုးချစ်က ပြော သည်။

ထို့နောက် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေကြမ်းတွင် နိုင်ငံ့ဝန်ထမ်းများ လက်တွေ့ ခံစားခွင့် ရရှိရေး အတွက် အလုပ်သမားအဖွဲ့အစည်း ၂၃ ဖွဲ့၏ သဘောထားမှတ်များ   ကောက်ခံထားပြီး၊ ပြည် ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်သည်။

ထို့ပြင် လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် အဆိုပါ ဥပဒေမူကြမ်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားသမဂ္ဂ အဖွဲ့များ၊ ဥပဒေပြုရေး မူကြမ်း ကော်မတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှင့် ၄ ပွင့်ဆိုင် ဆွေးနွေးသွားမည်ဟု သိရသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့် မီးရထားအလုပ်သမားများ၊ ပြည်တွင်း ရေကြောင်း အလုပ်သမားများ၊ ကျောင်းဆရာ၊ ဆရာမများ၊ အထည်အလိပ်စက်ရုံအလုပ်သမား များနှင့် ရေနံမြေ အလုပ်သမားများ စသဖြင့် နိုင်ငံ့ဝန်ထမ်းကိုယ်စားပြုပုဂ္ဂိုလ်များ ပါဝင်ခဲ့ပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂများအဖွဲ့ချုပ် CTUM က ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly