မန်စီးတီးတွင် မည်သည့်နေရာမှ အာမခံချက်မရှိဟု ပယ်လီဂရီနီသတိပေး

မန်စီးတီးတွင် မည်သည့်နေရာမှ အာမခံချက်မရှိဟု ပယ်လီဂရီနီသတိပေး

နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပြီးခဲ့သည့်တစ်ပတ်က အော်တာမန်ဒီကိုပေါင် ၃၂ သန်းဖြင့်ခေါ်ယူထားခြင်း၊ ဒီဘရိုင်းကို ပေါင်သန်း ၅၀ ဖြင့်ခေါ်ယူရန် ဆက်လက်ကြိုးပမ်းနေခြင်း စသည့်ငွေကြေး သုံးစွဲမှုများပြုလုပ်နေသည့် မန်စီးတီးအသင်းတွင် မည်သည့်ကစားသမားနေရာ မှ အာမခံချက်မရှိ ဟု နည်းပြ ပယ်လီဂရီနီက ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းမှာ ရာသီအစပိုင်းရလဒ်ကောင်းများကြောင့်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုရရန် ရေပန်းစားနေသည်။ အော်တာမန်ဒီကို ခေါ်ယူလိုက်ခြင်းကြောင့် မန်စီးတီး၏ ဗဟိုနောက်ခံလူနေရာတွင် ရှိနှင့်ပြီးဖြစ်သည့် မန်ဂါလာနှင့်ဆိုလျှင် ပေါင်သန်း ၃၀ အထက် ဗဟိုနောက်ခံ လူနှစ်ဦးကို ပိုင်ဆိုင်ထားပြီဖြစ်သည်။

ပယ်လီဂရီနီအနေဖြင့် အသင်းခေါင်းဆောင်ကွန်ပနီအပါအဝင် မည်သည့်ကစားသမားကိုမှ ပွဲထွက်နေရာအတွက် အာမခံချက်ပေးမည် မဟုတ်ပေ။

ကွန်ပနီသည်ယမန်နှစ်ကဒဏ်ရာကြောင့်ရုန်းကန်ခဲ့ရသော်လည်း ယခုနှစ်ရာသီအစပိုင်းတွင် ခြေစွမ်းပြနေသူဖြစ်သည်။ ပယ်လီဂရီနီက "ကစား သမားတစ်ယောက်ဟာ အသင်းခေါင်းဆောင် ဆိုရင်ခေါင်းဆောင်ကောင်းတစ်ယောက်၊ စွမ်းဆောင်ရည်ကောင်းသူတစ်ယောက်၊ အသင်းတစ် သင်းထဲမှာ အကြာကြီးကစားခဲ့သူတစ်ယောက်ဆိုတာ နိုင်ငံတကာမှာ ယူဆနေပါတယ်။

ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အရေးကြီးဆုံးက စွမ်းဆောင်ရည်ပါပဲ။ တကယ်လို့ ကစားသမားတစ်ယောက်အနေနဲ့ သူစွမ်းဆောင်နိုင်သလောက် မလုပ်ပြနိုင်ဘူးလို့ ကျွန်တော်ယူဆရင်တော့ အသင်းခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သူ့နေရာမှာအစားထိုးဖို့ ရှာရမှာပဲ။ အသင်းမှာရှိတဲ့နောက်ခံလူတိုင်းကို ကျွန်တော်ယုံကြည်ပါ တယ်။ အဲဒီနေရာအတွက် ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိပါတယ်။ နေရာတိုင်းအတွက် ကစားသမားကောင်းနှစ်ယောက်စီရှိ တယ်"ဟု ပယ်လီဂရနီက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly