ဘာလော့တယ်လီကို အငှားဖြင့်ပြန်လည်ခေါ်ယူရန် အေစီမီလန်ဆွေးနွေးနေ

ဘာလော့တယ်လီကို အငှားဖြင့်ပြန်လည်ခေါ်ယူရန် အေစီမီလန်ဆွေးနွေးနေ

အေစီမီလန်အသင်းသည် လီဗာပူးလ်တိုက်စစ်မှူး ဘာလော့တယ်လီကို အငှားစာချုပ်ဖြင့် ပြန်လည်ခေါ်ယူရန်အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။

ဘာလော့တယ်လီသည် ပြီးခဲ့သည့်တစ်နှစ်က အေစီမီလန်မှ လီဗာပူးလ်အသင်းသို့ ပြောင်ရွှေ့ကြေးပေါင် ၁၆ သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး အင်္ဂလန်တွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသူ ဖြစ်သည်။

ဘာလော့တယ်လီသည် အေစီမီလန်နည်းပြ မီဟိုင်လိုဗစ်နှင့် ဆွေးနွေးရန်အတွက် အီတလီနိုင်ငံသို့ သွားရောက်နေပြီ ဖြစ်သည်။ မီဟိုင်လိုဗစ်သည် အင်တာမီလန်အသင်းတွင် မန်စီနီ၏လက်ထောက် နည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်က ဘာလော့တယ်လီကို နည်းပြခဲ့ဖူးသူ ဖြစ်သည်။

အသင်းသစ်ရှာဖွေနေသည့် ဘာလော့တယ်လီသည် လီဗာပူးလ်အသင်းနှင့် တွဲဖက်လေ့ကျင့်ခြင်းမရှိဘဲ တစ်ဦးတည်းလေ့ကျင့်လျက်ရှိသည်။ ဘာလော့တယ်လီကို စီးရီးအေကလပ်များဖြစ်သည့် ဆမ်ဒိုးရီးယား၊ လာဇီယို၊ ဘိုလော့ဂ်နာ၊ ဖီအိုရင်တီးနားနှင့် ဆီဗီလာအသင်းတို့ကလည်း ခေါ်ယူရန် အလိုရှိနေကြသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly