ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့ တောင်းဆိုနေသူကျောင်းသားတွေကို မိဘဆီပြန်အပ်

ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့ တောင်းဆိုနေသူကျောင်းသားတွေကို မိဘဆီပြန်အပ်
 ဓာတ်ပုံ-အောင်ကိုဦး/မဇ္ဈိမ

 

ဇန်နဝါရီ ၂၅ ။           ။ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေးတောင်းဆိုနေတဲ့ မန္တလေး ရတနာပုံတက္ကသိုလ်ကျောင်းသားတွေကို သက်ဆိုင်ရာမှ မိဘတွေဆီ ဒီနေ့ ပြန်အပ်လိုက်တယ်လို့သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ခေတ္တထိမ်းသိမ်းပြီး မိဘတွေဆီ ပြန်လည်အပ်နှံလိုက်တာ ဖြစ်ပါတယ်။ ဒီလိုမျိုးအပ်နှံတာဟာ ကျောင်းထုတ်တာ ဟုတ်၊ မဟုတ် ဆိုတာကို တော့ မဇ္ဈိမက အတည်မပြုနိုင်သေးပါဘူး။

ဆန္ဒပြကျောင်းသားတွေဟာ အဆုံးအဖြတ်ပေးနိုင်မယ့် တာဝန်ရှိသူတွေ လာရောက်ဖြေရှင်းညှိုနှိုင်းတာမျိုးမရှိရင် ဒီနေ့ကစတင်ပြီး အစာငတ်ခံဆန္ဒပြသွားမယ်လို့ မနေ့ (ဇန်နဝါရီလ ၂၄ ရက်) က ပြောခဲ့ပါတယ်။အဲလိုပြောပြီး တဲ့နောက် အခုလို အိမ်ပြန်ပို့ခံရတာပါ။ ထိန်းသိမ်းခံရတဲ့ ကျောင်းသား ၇၂ ယောက်ရှိတယ်လို့ သိရပါတယ်။

ရတနာပုံတက္ကသိုလ်မှ ကျောင်းသားတစ်ချို့က သူတို့ဟာ ပညာရေးစရိတ်တိုးမြှင့်ပေးဖို့နဲ့ သင်ထောက်ကူ ပစ္စည်းတွေ လုံလုံလောက်လောက်ရရှိဖို့ ဒီလ ၂၂ ရက်နေ့က စတင်တောင်းဆို ခဲ့ကြတာဖြစ်ပါတယ်။

မန္တလေးရတနာပုံတက္ကသိုလ်အတွင်း ကျောင်းသားအချို့ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး တောင်းဆို ဆန္ဒပြနေမှုကို မန္တလေးတက္က္တသိုလ် ဆရာ၊ ဆရာများ သမဂ္ဂနှင့်ရတနာပုံတက္က္တသိုလ် ဆရာ၊ဆရာများ အစည်းအရုံး တို့က ပြင်းထန်စွာကန့်ကွက်ကြောင်း ဇန်နဝါရီလ ၂၃ ရက်၊ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်နှင့်ပတ်သက်ပြီး တက္ကသိုလ်ဆရာ၊ဆရာမ အသင်းများကိုယ်စားပြုကော်မတီ (UTA)နှင့် အခြေခံပညာရေးလုပ်သားများသမဂ္ဂဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီတို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဇန်နဝါရီလ ၂၄ ရက်၊ ရက်စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly