စင်ကာပူကမ်းခြေတွင် လုံခြံုရေးယူပေးထားသည့် လိပ်ဥ ၁၀၀ ကျော် သားပေါက်

စင်ကာပူကမ်းခြေတွင် လုံခြံုရေးယူပေးထားသည့် လိပ်ဥ ၁၀၀ ကျော် သားပေါက်

စင်ကာပူ၊ ဇန်နဝါရီ ၂၄ ။          ။ စင်ကာပူကမ်းခြေတွင် လိပ်ဥ ၁၀၀ ကျော် သားပေါက်၍ ပင်လယ်တွင်းသို့ လိပ်သားပေါက်လေးများအား လွှတ်ပေးခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၂၃ ရက်တွင် ပြောပြီး ဘေးအန္တရာယ်ကြုံရလွယ်သည့် အဆိုပါ လိပ်သားပေါက်လေးများအား ပင်လယ်တွင်း ပို့ဆောင်ခြင်းပဲ ဖြစ်သည်။

Hawksbill လိပ်မျိုးမှ လိပ်ဥကျင်းကို စင်ကာပူ၏ အဓိကကျွန်းအဖြစ် ရေပန်းစားသော အပန်းဖြေ ဆန်တိုဆာကျွန်း ကမ်းခြေတွင် နိုဝင်ဘာလအတွင်း တွေ့ရှိခြင်းဖြစ်သည်။

သားရဲတိရစ္ဆာန်များ၏ ရန်မှ ဘေးလုံခြုံရန် အဆိုပါ လိပ်ဥကျင်းပတ်လည်တွင် အရံအတားများ ကာရံချထားပြီး တာဝန်ရှိသူများက ပုံမှန်စောင့်ကြည့်ကာ လုံခြုံရေးယူပေးခဲ့ရသည့် လိပ်ဥကျင်းဖြစ်ကြောင်း ကျွန်းကို စီမံခန့်ခွဲနေရသည့် ဆန်တိုဆာဖွံ့ဖြိုးရေးကော်ပိုရေးရှင်းက ပြောသည်။

ဇန်နဝါရီ ၂၃ ရက်တွင် လိပ်ဥ ၁၀၆ ဥမှ သားပေါက်ကာ တာဝန်ရှိသူများ စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပြီးနောက် လိပ်သားပေါက်လေးများကို ပင်လယ်တွင်းသို့ တွားသွားဆင်းသက်စေခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စင်ကာပူကမ်းခြေတွင် လိပ်ဥသားပေါက်မှုသည် သြဂုတ်လမှစတင်လျှင် တတိယအကြိမ်လည်းဖြစ်သည်။ ပထမဆုံးအကြိမ်မှာ ဆန်တိုဆာတွင် လွန်ခဲ့သော ရှစ်နှစ်က သားပေါက်ခြင်းဖြစ်ကြောင်း Straits Times သတင်းစာက ဖော်ပြသည်။

အဆိုပါ Hawksbill လိပ်မျိုးများကို ကမ္ဘာ့အပူပိုင်းသမုဒ္ဒရာများ အထူးသဖြင့် သန္တာကျောက်တန်းများတွင် အများစု တွေ့ရသည်။

လေထုညစ်ညမ်းခြင်းနှင့် ကမ်းခြေဖွံ့ဖြိုးမှုလုပ်ငန်းများကြောင့် စားကျက်နယ်မြေပျက်စီးခြင်းများရှိနေရာ Hawksbill လိပ်မျိုးအတွက် ခြိမ်းခြောက်ခံနေရသည့် မျိုးစိတ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly