ကာယဉာဏအား ထုတ်နိုင်သူ အမျိုးသမီးပါတီဝင်များအား နေရာပေးမည်ဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ပြော

ကာယဉာဏအား ထုတ်နိုင်သူ အမျိုးသမီးပါတီဝင်များအား နေရာပေးမည်ဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ပြော

အလုပ်တာဝန်ကျေပွန်ပြီး တီထွင်ဆန်းသစ်လုပ်ကိုင်နိုင်သူနှင့် ကာယအား ဉာဏအား စိုက်ထုတ်လုပ်ကိုင် နိုင်သည့် အမျိုးသမီးပါတီဝင်များကို နေရာပေးရန်အဆင်သင့်ရှိသည်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဇန်နဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးထု တွေ့ဆုံဆွေးနွေးပွဲ၌ ပြောသည်။

"အမျိုးသမီးတွေကို နေရာပေးချင်တယ်။ ပါတီဥက္ကဋ္ဌအနေနဲ့ ယုံကြည်ပါတယ်။ အားကိုးပါတယ်။ အလုပ်တာဝန် ကျေပွန်စွာ လုပ်နိုင်သူများ၊ တီထွင်ဆန်းသစ်လုပ်နိုင်သူများ မိမိ၏ ကာယအား၊ ဉာဏအား စိုက်ထုတ်နိုင်သူများ ကို နေရာပေးဖို့ အဆင်သင့်ရှိပါတယ်။ မိမိတို့ ပါတီသည် ရာခိုင်နှုန်းနဲ့နေရာပေးမှုစနစ်ကို မကျင့်သုံးပါ။ ထိုက်တန်က ဥက္ကဋ္ဌနေရာအထိအောင် လုပ်လို့ရပါတယ်"ဟု ဦးသန်းဌေးက ပြောသည်။

ဆက်လက်၍ ဦးသန်းဌေးက " နိဂုံးချုပ်ရဲ့ နိဂုံးချုပ်ကို ပြောရရင် ခင်ဗျားတို့မှာရှိတဲ့ စေတနာ၊ လုပ်အား၊ သဘာဝက ပေးထားတဲ့ တာဝန်၊ ပါတီကပေးထားတဲ့ တာဝန်၊ အမျိုးသားရေးအတွက်ပေးတဲ့တာဝန် ဒါတွေကို ကျေပွန်အောင် ဆောင်ရွက်ကြပါ။"ဟု ပြောသည်။

ပြိုင်ဘက်ပါတီ အားလုံးနှင့် သစ္စာတရားပြိုင်ဆိုင်ခြင်း၊လုပ်အားပြိုင်ဆိုင်ခြင်းနှင့်စေတနာပြိုင်ဆိုင်ခြင်း စသည့် အချက်များဖြင့် မဆုတ်မနစ်ပြိုင်ဆိုင်ပြီး တိုင်းပြည်အတွက် ကောင်းရာ၊ကောင်းကျိးကို   မြင့်မားအောင် လုပ်ဆောင်သွားကြဖို့ ပါတီဝင် အမျိုးသမီးများကို ဦးသန်းဌေးက တိုက်တွန်းပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly