အဲဗာတန်အသင်းမှ လင်နွန်ကို ဘန်လေအသင်း ခေါ်ယူ

အဲဗာတန်အသင်းမှ လင်နွန်ကို ဘန်လေအသင်း ခေါ်ယူ
(ဓာတ်ပုံ - ဘန်လေ)

ဆောင်းရာသီအပြောင်းအရွှေ့မှာ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် အဲဗာတန်အသင်းမှ အာရွန် လင်နွန်ကို စာချုပ်ခဲ့ပြီဖြစ်တယ်လို့ ဘန်လေအသင်းက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိ အင်္ဂလန်ကစားသမားဟာ အဲဗာတန်အသင်းမှာ သုံးရာသီကြာ ကစားခဲ့ပြီးနောက် ဘန်လေအသင်းသို့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

လင်နွန်ဟာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလက စပါးအသင်းမှ အဲဗာတန်အသင်းသို့ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး သုံးလအကြာမှာ ကလပ်အသင်းက အပြီးသတ်ခေါ်ယူစာချုပ်ခဲ့ပါတယ်။

ဘန်လေအသင်းကတော့ လင်နွန်ရဲ့ ပြောင်းရွှေ့ကြေးကို ထုတ်ဖော်ကြေညာခြင်း မရှိခဲ့ပါဘူး။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags