အိုဇေးလ်၏ တွစ်တာပို့စ်ကြောင့် အာဆင်နယ်ပရိသတ်များ စိတ်လှုပ်ရှားနေကြ

အိုဇေးလ်၏ တွစ်တာပို့စ်ကြောင့် အာဆင်နယ်ပရိသတ်များ စိတ်လှုပ်ရှားနေကြ

 

 

ဇန်နဝါရီ ၂၃၊ လန်ဒန်။                      ။ အာဆင်နယ်ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာပေါ်က အိုဇေးလ်ရဲ့ပို့စ်တစ်ခုကြောင့် စိတ်လှုပ်ရှားနေကြပါတယ်။ အာဆင်နယ် ပရိသတ်တွေကို စိတ်လှုပ်ရှားစေတဲ့အကြောင်းရင်းကတော့ အသင်းမှာဆက်နေဖွယ်ရှိတယ်လို့ အဓိပ္ပါယ်သက်ရောက်စေတဲ့ အရိပ်အယောင်ကြောင့်ဖြစ်ပါတယ်။

ဂျာမန်ကွင်းလယ်ကစားသမားဟာ ဒီနှစ်ကုန်မှာစာချုပ်ပြည့်တော့မှာဖြစ်ပြီး အသင်းမှာဆက်ရှိဖို့၊ မရှိဖို့ကတော့ သေချာပေါက် မပြောနိုင်သေးတဲ့ အနေအထားဖြစ်နေပါတယ်။

အိုဇေးလ်စာချုပ်သက်တမ်းတိုးလိမ့်မယ်လို့ အာဆင်နယ်အသင်းကယုံကြည်နေပေမယ့် တဖက်မှာလည်း ဆန်းချက်ဇ်နောက်ကို လိုက်ပြီး မန်ယူနိုက်တက်ကိုပြောင်းလိမ့်မယ်လို့ သတင်းတွေထွက်နေပြန်ပါတယ်။

အနာဂါတ်နဲ့ပတ်သက်ပြီး သတင်းတွေမတည်ငြိမ်ပေမယ့် အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေပါတယ်။ နည်းပြဝင်းဂါးကလည်း အိုဇေးလ်ကို မစ်ခီတာယန်နဲ့ ဘယ်လိုတွဲကစားစေမယ်ဆိုတဲ့ အကြောင်းကို ပြောဆိုထားပါတယ်။

ဒီလိုအချိန်မှာ အိုဇေးလ်ဟာ အိမ်အတွင်းမှာ လိုဂိုအသစ်နဲ့ရိုက်ထားတဲ့သူ့ပုံကို တွစ်တာမှာတင်ခဲ့ပြီး ကျွန်တော့်အိမ်၊ M 10၊ လိုဂို၊ လန်ဒန်လို့ ရေးထားပါတယ်။

အိုဇေးလ်ရေးထားတဲ့စာကြောင်းမှာ အိမ်နဲ့ လန်ဒန်မြို့ကိုတွဲရေးထားလို့ လန်ဒန်မြို့ဟာသူ့အိမ်ပဲလို့ အာဆင်နယ်ပရိသတ်တွေ ယူဆပြီးစိတ်လှုပ်ရှားနေကြတယ်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူး။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly