အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန် မစ်ခီတာရီယန် သဘောတူ၊ ဆန်းချက်ဇ် မန်ယူအသင်းသို့ ရောက်ရှိမည်

အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန် မစ်ခီတာရီယန် သဘောတူ၊ ဆန်းချက်ဇ် မန်ယူအသင်းသို့ ရောက်ရှိမည်

မန်ယူကွင်းလယ်လူ မစ်ခီတာရီယန်ဟာ တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်နှင့် တိုက်ရိုက်အလဲအလှယ်ပြုလုပ်မှုကို သဘောတူညီခဲ့ပြီး အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိ အာမေးနီးယားလက်ရွေးစင် မစ်ခီတာရီယန်ဟာ တနင်္ဂနွေနေ့နှင့် တနင်္လနေ့မှာ ဆေးစစ်မှုပြုလုပ်မှာဖြစ်ပြီး တနင်္လနေ့မှာတော့ အသက် ၂၉ နှစ်ရှိ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်က တနင်္ဂနွေနေ့မှာ ထွက်ခွာသွားလိမ့်မယ်လို့ သိရပါတယ်။

မစ်ခီတာရီယန်ရဲ့ အာဆင်နယ်နှင့် စာချုပ်သက်တမ်းနှင့် လစာကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။

စနေနေ့က ဆန်းချက်ဇ်ဟာ မန်ချက်စတာကို သွားရောက်ခဲ့တာကြောင့် အာဆင်နယ်အသင်းက ခရစ္စတယ်ပဲလေ့စ်ကို ၄-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ကစားနိုင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းကို ရောက်ရှိတော့မယ့် မစ်ခီတာရီယန်ဟာ ၂၀၁၆ ခုနှစ်က ဒေါ့မွန်အသင်းမှ မန်ယူအသင်းသို့ ပေါင် ၂၆.၃ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ မန်ယူအသင်းအတွက် ၆၃ ပွဲကစားထားပြီး ၁၃ ဂိုး သွင်းယူခဲ့ပါတယ်။

မန်ယူအသင်းကို ပြောင်းရွှေ့မယ့် ဆန်းချက်ဇ်ဟာ ၂၀၁၄ ဇွန်လက ဘာစီလိုနာအသင်းမှ အာဆင်နယ်အသင်းသို့ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ၁၆၆ ပွဲကစား၊ ဂိုး ၈၀ သွင်းယူခဲ့ပါတယ်။

ဒီနွေရာသီမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လက မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့ပါသေးတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly