မြစ်ကြီးနားတွင် ကျပ်သိန်း ၁၈ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် 88/1စာတန်းပါဆေးပြားများဖမ်းမိ

မြစ်ကြီးနားတွင် ကျပ်သိန်း ၁၈ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် 88/1စာတန်းပါဆေးပြားများဖမ်းမိ
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 

ရန်ကုန်၊ ဇန်နဝါရီလ ၂ဝ ။          ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာအနီး မြစ်ကြီးနားဘက်မှ နမ္မတီးဘက်သို့ မောင်းနှင်လာ သော ကားအတွင်းမှ ကျပ်သိန်း ၁၈ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် 88/1စာတန်းပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ ဇန်နဝါရီလ ၂ဝ ရက်တွင် သတင်းထုတ်ပြန် သည်။

အဆိုပါ ဘိန်းဖြူနှင့် ဆေးပြားများကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး   မြစ်ကြီးနားဘက်မှ နမ္မတီး ဘက်သို့ တူးအောင်ဆိုသူမောင်းနှင်လာပြီး ဇော်ဘောက်အောင်ဆိုသူလိုက်ပါလာသည့် PAJERO GDI အမျိုး အစားကားကို စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးခဲ့ရာ ကားဆီတိုင်ကီအံဝှက်အတွင်း ဝှက်ပြီး သယ်လာသည့် ရောင်စုံဆပ်ပြာခွက် ၆၆ ခွက်ဖြင့် ထည့်ထားသော ဘိန်းဖြူ ၆၉၃ ဂရမ်ခန့်နှင့် အပြာရောင်ကပ်ခွာအိတ် ၂၁ဝ အိတ်အတွင်းမှ 88/1စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၄၂ဝဝဝ ပြား၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၈ဝဝ ကျော်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများ၊ ကားနှင့် ယာဉ်မောင်းဖြစ်သူ တူးအောင်ဆိုသူအပါအဝင် ၂ ဦးကို လက်ရှိတွင် မြစ်ကြီးနား မြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly