မင်းဘူးတွင် ဘင်္ဂါလီ ( ၁၁)ဦး ဖမ်းမိ

မင်းဘူးတွင် ဘင်္ဂါလီ ( ၁၁)ဦး ဖမ်းမိ

မင်းဘူး ဇန်နဝါရီ ၁၈ ။            ။ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် ဆားပွက်ချောင်း တံတားအနီး ကိုင်းတောထဲတွင် ပုန်းအောင်းနေသော ဘင်္ဂါလီ ( ၁၁)ဦးကို ယနေ့ ဇန်နဝါရီ၁၈ရက်နေ့ နံနက်ပိုင်းက မင်းဘူး မြို့နယ်ရဲတပ်ဖွဲ့၊အမှတ်( ၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ရပ်ကွက် နေပြည်သူများ ပူးပေါင်းပါဝင် လိုက်လံရှာဖွေဖမ်း ဆီးရမိကြောင်း ကနဦးသတင်း ရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ၁၆ရက်နေ့ နံနက် ၅နာရီခန့်က မင်းဘူး မြို့ အမှတ်(၁)ရပ်ကွက် မကွေး မင်းဘူးကားလမ်းမ ဆားပွက်ချောင်း တံတားအနီးတွင် မကွေးမြို့မှ မင်းဘူးမြို့ဘက်သို့ မောင်းနှင်လာသော HYUNDAISTAREX  အမျိုးအစား အဖြူရောင်ကားတစ်စီးကို

မင်းဘူးမှ မကွေးဘက်သို့ ဘင်္ဂါလီလူမျိုးများ တင်ဆောင်လာသော မော်တော်ယာဉ်အမှတ် EE/6890 HONDAPATNER အမျိုးအစားခဲရောင် ယာဉ်က အရှိန်မထိန်းနိင်ဘဲ ဝင်ရောက်တိုက်မိခဲ့သည်။ယင်းနောက်

ကားအတွင်းပါလာသော ဘင်္ဂါလီများ ဆားဗွက်ချောင်း အတွင်း ထွက်ပြေးကာ ကိုင်းတောအတွင်း ပုန်းအောင်းနေကြကြောင်း သတင်းရရှိသဖြင့် လိုက်လံရှာဖွေဖမ်းဆီးခြင်းဖြစ်ကြောင်း မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 ဖမ်းဆီးရမိသည့် ဘင်္ဂါလီများကိုမင်းဘူးမြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားပြီးအမှုဖွင့် အရေးယူရန် ဆောင်ရွက်လျက်ရှိ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly