တောင်အာဖရိကခေါင်းဆောင် မင်ဒဲလား၏ မြေးဖြစ်သူက အသက် ၁၅ နှစ်သမီးကို ရေအိမ်အတွင်း သားမယားပြုကျင့်

တောင်အာဖရိကခေါင်းဆောင် မင်ဒဲလား၏ မြေးဖြစ်သူက အသက် ၁၅ နှစ်သမီးကို ရေအိမ်အတွင်း သားမယားပြုကျင့်

တောင်အာဖရိကနိုင်ငံခေါင်းဆောင်ကြီး နယ်ဆင်မင်ဒဲလား၏ မြေးဖြစ်သူတစ်ဦးက အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်အား အလိုမတူဘဲ သားမယားပြုကျင့်မှုဖြင့် စစ်ဆေးခံရလျက်ရှိသည်။

လျှေက်လဲချက်ပေးချိန်အထိ နာမည်ထုတ်ဖော်ခြင်းမရှိ ဖုံးကွယ်ထားမည့် ယင်းစစ်ဆေးခံရသူ မင်ဒဲလားမြေးသည် အသက် ၂၄ နှစ်ရှိပြီး ဂျိုဟန်နစ္စဘတ်မြို့ အရက်ဘားတစ်ခုတွင် ဆယ်ကျော်သက် မိန်းကလေးအား ရေအိမ်အတွင်း သားမယားပြုကျင့်မှုဖြင့် စွပ်စွဲခံရခြင်းဖြစ်သည်။

၎င်းဇနီးသည်က ယခုသီတင်းပတ်အစောပိုင်းက ကိုယ်ရံတော်များ စေလွှတ်ကာ မိန်းကလေး၏ မိသားစုဝင်များသို့ လာရောက်ဖျောင်းဖြခိုင်းကြောင်းလည်း မိသားစုဝင်များက ပြန်လည် ပြောပြသည်။

မင်ဒဲလား မိသားစုကမူ ယင်းအမှုကိစ္စနှင့် ပတ်သက်ပြီး ထင်မြင်ချက်တစ်စုံတစ်ရာပြောဆိုခြင်းမရှိကြောင်း သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly