ဘဝနတ်ထံပျံလွန်တော်မူသော ပီနန်ဆရာတော် ဘုရားကြီး ကျေးဇူးဆပ်ပွဲပြုလုပ်မည်

ဘဝနတ်ထံပျံလွန်တော်မူသော ပီနန်ဆရာတော် ဘုရားကြီး ကျေးဇူးဆပ်ပွဲပြုလုပ်မည်

 

ရန်ကုန် ဇန်နဝါရီ ၉ ။                ။ မကြာသေးမီ လပိုင်းအတွင်း က ပျံလွန်တော်မူခဲ့သည့် ပီနန်ဆရာတော်ဘုရားကြီးအား ကျေးဇူးဆပ်ကုသိုလ်ပြုပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့၌ ရန်ကုန်မြို့၊ မရန်းကုန်းမြို့နယ်၊ အမှတ် ၅ ရပ် ကွက်ရှိ သဗ္ဗညုပုထိုးတော်ကြီး၊ ဓမ္မသက စာသင် တိုက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ ပီနန်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဝံသ(အဂ္ဂမဟာပဏ္ဍိတ)၏ အန္တိမအဂ္ဂိ စျာပနအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်က မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင် ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားကို မတက်ရောက်နိုင်ခဲ့သော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော်များ နှင့် တပည့်ဒါယိကာ၊ ဒါယိကာမများက ကုသိုလ်ပြု ကျေးဇူးဆပ်ပွဲပြုလုပ်မည်ဖြစ်သည်။

ပီနန်ဆရာတော်ဘုရားကြီးသည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ၂၄ရက်၊ မလေးရှားစံတော်ချိန်၊ နံနက် ၅ နာရီအချိန်က မလေးရှားနိုင်ငံ၊ ပီနန်ကျွန်းဆေးရုံ ကြီးတွင် ကျောက်ကပ်ဝေဒနာဖြင့် ဘဝနတ်ထံပျံ လွန်တော်မူခဲ့သည်။

ဆရာတော်ကြီးကို ၁၉၂၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၉၀၊ ဝါတော် ရ၀ ရှိပြီဖြစ်သည်။ ဆရာတော်သည် ပြည်တွင်း၊ ပြည်ပ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ တစ်ဝှမ်း နိုင်ငံများတွင် ဗုဒ္ဓဘာသာကျောင်း ပေါင်း ၂၀ ကျာ်ကို တည်ထောင်နိုင်ခဲ့သည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်က မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင် ပီနန်ဆရာတော်ဘုရားကြီး၏ အန္တိမ အဂ္ဂိစျာပနအခမ်းအနားကျင်းပချိန်တွင် မြန်မာနိုင်ငံ အတွင်းရှိ တပည့်ဒါယကာ၊ ဒါယိကာမများကလည်း ဆရာတော်ကြီးအားရည်စူးပြီး ဆွမ်းဆက်ကပ်လှူ ဒါန်းမှုများ၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် နေသည့် လူနာများတွက် အာဟာရဒါနပြုခြင်းများ အပြင် ဘားအံ့မြို့ရှိ တပည့်ဒါယကာ၊ ဒါယိကာမ များကလည်း ကရင်ပြည်နယ်၊ ဘားအံ့မြို့ ဇွဲကပင် တောင်ခြေ၊ လုမ္ဗိနီဥယျာဉ်ရှိ အောင်တော်မူစေတီ တွင် ဆွမ်းပွဲတစ်ထောင်၊ ဆီမီးတစ်ထောင်၊ ရေချမ်း တစ်ထောင် ကပ်လှူပူဇော်ခြင်း ကုသိုလ်များ ဆောင်ရွက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly