ပြင်သစ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဇီဒန်း ၂ နှစ််ဆက်တိုက် ရရှိ

ပြင်သစ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဇီဒန်း ၂ နှစ််ဆက်တိုက် ရရှိ

 

ဇန်နဝါရီ ၉၊ ပြင်သစ် ။           ။ ရီးယဲလ်နည်းပြ ဇီဒန်းသည် ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှပေးအပ်သည့် ၂၀၁၇ ပြင်သစ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့သည်။

ဇီဒန်းသည် ၂၀၁၇ ခုနှစ်အတွင်း ရီးယဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလား၊ စပိန်စူပါဖလား၊ ယူအီးအက်ဖ်အေစူပါဖလားနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ရရှိခဲ့ခြင်းကြောင့် ဆုရခဲ့ခြင်းဖြစ်သည်။ ထိုဆုကို ၂၀၁၆ ခုနှစ်ကလည်း ရရှိခဲ့ခြင်းကြောင့် ၂ နှစ်ဆက်တိုက် ဆုရခြင်း ဖြစ်သည်။

ဇီဒန်းသည် ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်ချမ့်နှင့်လိုင်ယွန်နည်းပြ ဘရူနိုဂီနီစီရိုတို့ကိုကျော်ဖြတ်ပြီး ပြင်သစ်အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ဇီဒန်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှပေးအပ်သော ၂၀၁၇ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိထားသူလည်း ဖြစ်သည်။

ရည်ညွှန်း စင်ဟွာ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly