ဖားကန့်၌ စွန့်ပစ်မြေစာပုံု ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၅ ဦး ထပ်မံ သေဆုံုး

ဖားကန့်၌ စွန့်ပစ်မြေစာပုံု ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၅ ဦး ထပ်မံ သေဆုံုး
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က မြေစာပုံ ပြိုကျမှုကို ကယ်ဆယ်နေစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ချင်းမုုိင်(မဇ္စိိျမ)၊ဇန်နဝါရီလ ရ ။           ။ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုုပ်စုု ဝေခါကျေးရွာရှိ ကျောက်စိမ်းတွင်း လုုပ်ကွက်အတွင်း မြေပြိုမှုကြောင့် ဇန်နဝရီလ ၆ ရက်နေ့က ရေမဆေးကျောက်ရှာသူ ၅ ဦး သေဆုံုး ထပ်မံ သေဆုံုးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

“လုုပ်ကွက်အတွင်း ကျောက်ကမ်းပါး ပြိုကျမှုကြောင့် လုုပ်ကွက်အတွင်း တရားမဝင် ဝင်ရောက်တူးဖော်နေတဲ့ ရေ မဆေးကျောက် တူးဖော်သူ ၅ ဦး သေဆုံုးခဲ့ပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်”လုုိ့့ ဖားကန့်အခြေစုုိက် အလွတ်သတင်းထောက် ကုုိဇော်မုုိးထက်က ပြောသည်။

ဇန်နဝါရီလ ၄ ရက်နေ့ကလည်း မောမောင်ဘွမ်ကျေးရွာအောက်ရှိ ဂျိတ်လန်း ကုုမ္မဏီနှင့် ပုုဂ္ဂလိက လုုပ်ကွက် အမှတ် ၅၃ မှ စွန့်ပစ်မြေစာ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၆ ဦး သေဆုံုးခဲ့ပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ယခုုရက်ပုုိင်းက မုုိးရွာခြင်းနှင့် ကျောက်စိမ်းကုုမ္မဏီများ၏ မုုိင်းခွဲသည့် တုန်ခါမှုများကြောင့် ကျောက်ကမ်းပါးများ ပြိုကျမှုများကြောင့် ရေမဆေးရွာဖွေသူများ သေဆုံုးမှု ဖြစ်ပွားရခြင်း ဖြစ်သည်ဟုု သူက ပြောသည်။

နှစ်စဉ်နှစ်တုုိင်း ကျောက်စိမ်းတွင်းရှိ စွန့်ပစ်မြေစာများ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ သေဆုံုးသူများဘက်မှ နစ်နာကြေး ရရှိခြင်းများ မရှိသလုုိ၊ နစ်နာကြေးရရှိရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အဖွဲ့ အစည်းများ မရှိကြောင်း ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ အတွင်းရေးမှူး ဦးနော်လောန်က ပြောသည်။

 “မြေစာပြိုတာ မုုိးကလည်းရွာတယ်။ မြေစာစနစ်တကျ မပစ်တာ၊ ကျောက်တွင်းတွေကုုိ ကြိုက်သလောက် တူးယူပြီးတော့ မြေပြန်ဖုုိ့ထားတာဘဲ။ သေသွားတဲ့လူတွေကုုိ နစ်နာကြေးပြန်ရဖုုိ့ ကူညီပေးတဲ့အဖွဲ့တွေ မရှိဘူး။ သေသွားရင် ကုုိယ့်မိသားစုုနဲ့ ရွာသားတွေဘဲ သဂြိုလ်လုုိက်ကြတာဘဲ”ဟုု သူက ပြောသည်။

ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဝေခါကျေးရွာတွင်း မြေပြိုမှုကြောင့် သေဆုံုးသွားသူများနှင့် ပတ်သက်၍ အချက်အလက် သွားရောက် ကောက်ယူရန် မနက်ဖြန် ဇန်နဝါရီလ ရ ရက်နေ့တွင် သွားရောက် ကြည့်ရှုမည် ဖြစ်ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် နှစ်စဉ် ကျောက်စိမ်းတွင်းမြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာသူများ မကြာခဏ သေဆုံုးမှုများရှိခဲ့ပြီး ၂၀၁၅ ခုုနှစ် နုုိဝင်ဘာလက ဖြစ်ပွားခဲ့သော မြေပြိုမှုတွင် ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ ကျော် သေဆုံုးမှု ဖြစ်ပွားခဲ့သည်။

ယခုုနှစ် ၂၀၁၈ ခုုနှစ် ဇန်နဝါရီလ ဆန်းတွင် ဒုုတိယအကြိမ် မြေပြိုမှုကြောင့် လူ ၁၁ ဦးထိ သေဆုံုးခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly