ပါရီ၊ ဇန်နဝါရီ ၄ ။ ။ ရုရှကျောထောက်နောက်ခံရှိသော RT နှင့် Sputnik မီဒီယာကြီးများကို သတိထားလျက် ရွေးကောက်ပွဲကာလအတွင်း သတင်းတုများ ပြန့်နှံ့ခြင်းကို တားမြစ်နိုင်ရေး ဥပဒေအား ပြဌာန်းမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ဇန်နဝါရီ ၃ ရက်က ကြေညာသည်။
မေလအတွင်း ရာထူးတက်လာသော မက်ခရွန်သည် ရုရှမီဒီယာများကို လိမ်ညာဝါဒဖြန့်ပြီး သြဇာချဲ့ထွင်သည့် လက်ကိုင်တုတ်များအဖြစ် ယခင်က ရှုတ်ချထားဖူးသည်။
“သတင်းတုတွေကို ဆန့်ကျင်ပြီး ဒီမိုကရေကို ကာကွယ်မည့် ဥပဒေအားကောင်းအောင် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။”ဟု သတင်းမီဒီယာသို့ နှစ်သစ်ကူးမိန့်ခွန်းပြောရာ မက်ခရွန်က ထည့်သွင်းပြောကြားသည်။
အဆိုပါ သတင်းတုများ တားမြစ်ရေး ဥပဒေကြမ်း အသေးစိတ်ကို လာမည့်သီတင်းပတ်များအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ပြောသော်လည်း ပွင့်လင်းမြင်သာမှု အားကောင်းစေရေး လုပ်ငန်းစဉ်များမှ တစ်ရပ်အဖြစ် မီဒီယာများအနေဖြင့် ၎င်းတို့၏ ငွေကြေးထောက်ပံ့သူအားလုံးကို ထုတ်ပြန်သွားရလိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက သတင်းထောက်များက ပြောသည်။
မမှန်ကန်သော သတင်းများ ဖြန့်သည်ဆိုလျှင် တရားသူကြီးများက ယင်းသတင်းကို ဖျက်ခိုင်းသည့် အမိန့် ပေးနိုင်မည်ဖြစ်ကြောင်း၊ မလိုက်နာသော ဝက်ဘ်ဆိုက်သတင်းဌာနကို ပိတ်ခြင်း၊ လူမှုမီဒီယာအကောင့်များကို ပိတ်ခြင်းများ အမိန့်ချမှတ်နိုင်မည်ဖြစ်ကြောင်း မက်ခရွန်က ပြောခဲ့သည်။
နို်င်ငံခြားတိုင်းပြည်များ သြဇာခံ သို့မဟုတ် ထိန်းချုပ်သော ရုပ်မြင်သံကြားချန်နယ်များ၏ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုများကို အားကောင်းကောင်းနှင့် တိုက်ဖျက်နိုင်မည့် အခွင့်အာဏာကို ယခုဥပဒေအားဖြင့် ပြင်သစ် ရုပ်သံလိုင်းများ စည်းကြပ်ရေးအဖွဲ့အနေဖြင့် ရရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သူည်။