မာရက်ဇ်၏အနာဂတ်အတွက် ဆွေးနွေးမည်ဟု လက်စတာနည်းပြပူအယ်ပြော

မာရက်ဇ်၏အနာဂတ်အတွက် ဆွေးနွေးမည်ဟု လက်စတာနည်းပြပူအယ်ပြော

 

 

ဇန်နဝါရီ ၂၊ အင်္ဂလန် ။              ။ လက်စတာနည်းပြကလော်ဒီပူအယ်က အသင်း၏အဓိကတိုက်စစ်ကစားသမား မာရက်ဇ်၏အနာဂတ်အတွက် ဆွေးနွေးမှု ပြုလုပ်သွားမည်ဟု ဟက်ဒါဖီးလ်အသင်းကို အနိုင်ရပြီးနောက် ဖွင့်ဟပြောဆိုလိုက်သည်။

ယခုနှစ်ရာသီအစက မာရက်ဇ်မှာ ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရသော်လည်း လက်စတာအသင်းကို ပူအယ်ကိုင်တွယ်ခဲ့သည့် ၁၃ ပွဲတွင် ခြောက်ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးပေးနိုင်ခဲ့သည်။ ထို့ကြောင့် နည်းပြပူအယ်က မာရက်ဇ်ကို ၎င်း၏အသင်းတွင် ဆက်လက်ထိန်းသိမ်းထားလိုလျက်ရှိသည်။

“မာရက်ဇ်လိုကစားသမားမျိုးကို ကျွန်တော်ကြိုက်ပါတယ်။ အသင်းရဲ့အကောင်းဆုံးကစားသမားတစ်ဦးကိုလည်း ဆက်လက်ထိန်းသိမ်းထားလိုပါတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး သူ့ကို ကျွန်တော် မေးမှာပါ။ မာရက်ဇ်တို့ ဗာဒီတို့အပါအဝင် လက်ရှိအသင်းသားတွေနဲ့ အလုပ်လုပ်ရတာကို ပျော်ပါတယ်။ အသင်းရဲ့ထိပ်တန်းကစားသမားတွေကို ထိန်းသိမ်းထားနိုင်ဖို့က အရေးကြီးပါတယ်” ဟု ပူအယ်က ဆိုသည်။

လက်ရှိတွင် မာရက်ဇ်ကို အာဆင်နယ်အသင်းအပါအဝင် ထိပ်သီးအသင်းကြီးအချို့က ခေါ်ယူလိုလျက်ရှိနေကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly