ကိုစတာရီကာတွင် လေယာဉ်ပျက်ကျရာ အမေရိကန်နို်င်ငံသား ဆယ်ဦး သေဆုံး

ကိုစတာရီကာတွင် လေယာဉ်ပျက်ကျရာ အမေရိကန်နို်င်ငံသား ဆယ်ဦး သေဆုံး
ဓာတ်ပုံ - AFP

ဆန်ဂျိုး၊ ဇန်နဝါရီ ၁ ။          ။ ကိုစတာရီကာတွင် လေယာဉ်ငယ်တစ်စီး ပျက်ကျ၍ အမေရိကန်နိုင်ငံသား ဆယ်ဦးနှင့် လေယာဉ်အမှုထမ်း ကိုစတာရီကာနှစ်ဦး သေဆုံးကြောင်း သမ္မတ ဂူလာမိုဆိုလိစ်က ပြောသည်။

“အမေရိကန် ခရီးသည် ဆယ်ဦးနဲ့ လေယာဉ်ပိုင်းလော့ ကိုစတာရီကာ နှစ်ဦး လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့မှုကို အစိုးရအနေနဲ့ အလွန်စိတ်မကောင်းကြောင်း ပြောချင်ပါတယ်။”ဟု သမ္မတ၏ ပြောကြားချက်ကို လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

နိုင်ငံ၏ အနောက်မြောက်ပိုင်း ဂွါနာကတ်စ်ဒေသတွင် ယင်းလေယာဉ်ပျက်ကျမှု ဖြစ်ပွားခြင်း ဖြစ်သည်။

လေယာဉ်မှာ မြေပြင်သို့ ထိုးစိုက်ကျ ပြီးနောက် မီးလောင်ကျွမ်းခဲ့ကာ လေယာဉ်ပေါ်လိုက်ပါသည့် ၁၂ ဦးစလုံး သေဆုံးခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက အစောပိုင်းက ပြောထားသည်။
လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly