ပြည်​မြို့ ​အောင်​မင်္ဂလာ​စျေး ဇီဝိတဒါန မျက်​စိအထူးကုအဖွဲ့ ၃ နှစ်​အတွင်​း ​ဝေဒနာရှင်​ ငါးရာနီးပါး ကုသခဲ့ပြီးဖြစ်​

ပြည်​မြို့ ​အောင်​မင်္ဂလာ​စျေး ဇီဝိတဒါန မျက်​စိအထူးကုအဖွဲ့ ၃ နှစ်​အတွင်​း ​ဝေဒနာရှင်​ ငါးရာနီးပါး ကုသခဲ့ပြီးဖြစ်​

ပြည်၊ ဒီဇင်ဘာ ၃၁ ။            ။ ပဲခူးတိုင်​း ပြည်​ခရိုင်​ ပြည်​မြို့ ရှိ ​အောင်​မင်္ဂလာ​စျေး ဇီဝိတဒါန မျက်​စိ အထူးအဖွဲ့ သည်​ ​၂၀၁၄ခုနှစ်​ မှ ၂၀၁၇ ခုနှစ်​အထိ သုံးနှစ်​အတွင်​း ဝေဒနာရှင်​ ၄၉၉ ဦးကို လှူဒါန်​းကုသ​ပေးခဲ့ပြီးဖြစ်​​ကြောင်​း သိရသည်​။

"အခုအချိန်​ထိ ​လေးရာ ​ကိုးဆယ်​့ကိုး​ယောက်​ ခ​ွဲ​ပေးပြီးပြီ။စျေးကို အ​ခြေပြုထားတဲ့ အသင်​းဖြစ်​တာ​ကြောင်​့ စ​နေ ၊တနင်္ဂ​နွေ နှစ်​ရက်​​စျေးထဲမှာလှည်​့ပြီး အလှူခံတယ်​။ ​စျေး​ခေါင်​းရုံးမှာ မျက်​စိ​ဝေဒနာရှင်​​တွေစုပြီး ကားငှားပြီး​တော့ ​ဆေးရုံကြီးကို ပို့​ပေးခဲ့တယ်​"ဟု အသင်​းဦး​ဆောင်​သူ ကိုချို​လေးက ဆိုသည်​။

ဒီဇင်ဘာလ ၃၁ ရက်​က ပြည်​မြို့ ​ မူလတက္ကသိုလ်​ ဘုန်​း​တော်​ကြီး​ကျောင်​းတွင်​ ယင်​းအဖွဲ့ ၏ နှစ်​ပတ်​လည်​​နေ့အဖြစ်​ ကုသိုလ်​​ကောင်​းမှုအစုစုအတွက်​ ​ရေစက်​ချ တရားနာခြင်​း များ အခမ်​းအနားပြုလုပ်​ခဲ့သည်​။

အဆိုပါ ရေစက်ချ အခမ်​းအနားသို့ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​ဒေါ်ခင်​စိုးစိုးကြည်​ အပါအဝင်​ နိုင်​ငံ​ရေး လူမှု​ရေး တက်​ကြွသူ ၁၀၀ ခန်​့ တက်​​ရောက်​ခဲ့သည်​။

မျက်​စိ​ခွဲစိတ်​ဝေဒနာရှင်​တစ်​ဦးအားခွဲစိတ်​ကုသလျှင်​စုစုပေါင်​း ​ငွေကျပ်​ တစ်​သိန်​းဝန်​းကျင်​ ကုန်​ကျမည်​ဖြစ်​ပြီး ​ပြည်​​ကုတင်​၅၀၀ ​ဆေးရုံအုပ်​ကြီး နှင်​့ မျက်​စိဌာန တို့ မှလည်​း အချိုးကျပါဝင်​လှူဒါန်​းမှုရှိ​ကြောင်​း သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly