ဆီးရီးယား၌ အလောင်းများအစုလိုက်အပြံုလိုက် မြုပ်နှံထားသော သချႌင်းနှစ်ခုကို ရှာတွေ့

ဆီးရီးယား၌ အလောင်းများအစုလိုက်အပြံုလိုက် မြုပ်နှံထားသော သချႌင်းနှစ်ခုကို ရှာတွေ့

ဒါမာစကပ်၊ ဆီးရီးယား၊ ဒီဇင်ဘာ ၃၁ ။       ။  ဆီးရီးယားနိုင်ငံရှိ ရာကာမြို့၌ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့၏လက်ချက်ကြောင့် သေဆုံးသွားခဲ့ရသော ဆီးရီးယားတပ်သားများနှင့် အရပ်သားများ၏အလောင်းများကို အစုလိုက်အပြံုလိုက်မြုပ်နှံထားသော သချိင်္ုင်း နှစ်ခုအား ရှာတွေ့ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက တင်ပြခဲ့သည်။

ယင်းသင်္ချိုင်းများကို ဒေသခံများ၏သတင်းပေးချက်အရ တူရကီနယ်စပ်ရှိ ရာကာခရိုင်အနောက်ပိုင်းအနီးရှိ ၀ါ၀ီမြို့၌ ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဒါ့အပြင် ထိုအလောင်းများသည် ကွပ်မျက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းများပြန်ဖော်မည့်လုပ်ငန်းကို ရက်အနည်းငယ်ခန့်အထိ ကြာမြင့်အောင် လုပ်ကိုင်ရမည်ဟုခန့်မှန်းထား ကြောင်း နိုင်ငံတော်သတင်းဌာန SANA က သတင်းတင်ပြခဲ့သည်။

ဒါ့အပြင် ထိုအလောင်းများသည် မည်သည့်အချိန်က ကွပ်မျက်ခံခဲ့ရသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးသလို ဆီးရီးယားမြောက်ပိုင်းခရိုင်ကို IS များ ထိန်းချုပ်ထားစဉ်က ကွပ်မျက်ခံခဲ့ရခြင်းဖြစ်နိုင်သည်ဟု SANA က တင်ပြခဲ့သည်။

IS တို့သည် ဆီးရီးယားနှင့်အီရတ်တွင် လွန်ခဲ့သော ၂၀၁၄ ခုနှစ်ကစတင်၍ ကာလီဖိတ်နိုင်ငံတော်ထူထောင်ရန် ကြိုးပမ်းခဲ့ပြီး နောက်ပိုင်းတွင် သူတို့သိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည်လက်လွှတ်ခဲ့ရသည်။ IS တို့သည် ထိုဒေသများကို ၄င်းတို့အုပ်ချုပ်ခဲ့စဉ်က အကြမ်းဖက်မှုများနှင့် အစုလိုက်အပြံုလိုက် ကွပ်မျက်ခြင်း တို့ကို ကျူးလွန်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly